Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 တပည့်​သည် ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည်​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီး​ဖြစ်သူ​ကို နတ်ဆိုးမင်း​ဟု ခေါ်ကြ​လျှင် အိမ်သူအိမ်သားတို့​ကို ပို​၍ ဆိုးရွား​စွာ ခေါ်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 တ ပည့် မှာ ဆ ရာ ကဲ့ သို့ လည်း ကောင်း၊ ကျွန် မှာ သ ခင် ကဲ့ သို့ လည်း ကောင်း ဖြစ် သော် တော် လောက် ပြီ၊ အိမ့် ရှင် ကို ဗေ လ ဇေ ဗု လ ဟု ခေါ် ကြ လျှင် အိမ် သား တို့ ကို သာ၍ ခေါ် ကြ လိမ့် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:25
13 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖာရိရှဲတို့​သည် ထို​အကြောင်း​ကို ကြား​သောအခါ “သူ​သည် နတ်ဆိုးတို့​ကို နှင်ထုတ်နိုင်ခြင်း​မှာ နတ်ဆိုးမင်း​ဗေလဇေဗုလ​၏​တန်ခိုး​ကို ရရှိထား​သောကြောင့်​ဖြစ်သည်” ဟု ဆိုကြ၏။


ယခု​တွင် ငါ​သည် နတ်ဆိုးတို့​ကို ဗေလဇေဗုလ​တန်ခိုး​ဖြင့် နှင်ထုတ်​လျှင် သင်တို့​၏ ပယောဂဆရာတို့​သည် မည်သူ့​တန်ခိုး​ဖြင့် နှင်ထုတ်ကြသနည်း။ ထို​ပယောဂဆရာတို့​ကပင် သင်တို့​မှားကြောင်း ထောက်ပြကြ​လိမ့်မည်။


သို့သော် ဖာရိရှဲတို့​က “သူ​သည် နတ်ဆိုးများ​ကို နှင်ထုတ်နိုင်ခြင်း​မှာ နတ်ဆိုးမင်း​၏​တန်ခိုး​ကို ရရှိထား​သောကြောင့်​ဖြစ်သည်” ဟု ပြောဆိုကြ၏။


သူတို့​က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှု​က “သင်တို့​သည် ငါ့​ခွက်​ကို အမှန်​သောက်ကြရမည်။ ငါ​ခံယူရမည့်​နှစ်ခြင်းမင်္ဂလာ​ကိုလည်း ခံယူကြရမည်။


သို့သော် ဂျေရုဆလင်မြို့​မှ ရောက်လာကြသော ကျမ်းတတ်ဆရာများ​က “သူ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ ပူးနေသူ​ဖြစ်၏။ ထို​နတ်ဆိုး​၏​တန်ခိုး​ဖြင့် နတ်ဆိုးတို့​ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။


သို့သော် တချို့​က “သူ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။


သင်တို့​ပြော​သကဲ့သို့ ငါ​သည် နတ်ဆိုးမင်း​ဗေလဇေဗုလ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်စေတော့။ စာတန်​သည် မိမိကိုယ်မိမိ​ဆန့်ကျင်​လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​လိမ့်မည်နည်း။


ယခု​တွင် ငါ​သည် နတ်ဆိုးတို့​ကို ဗေလဇေဗုလ​တန်ခိုး​ဖြင့် နှင်ထုတ်​လျှင် သင်တို့​၏​ပယောဂဆရာတို့​သည် မည်သူ့​တန်ခိုး​ဖြင့် နှင်ထုတ်ကြသနည်း။ ထို​ပယောဂဆရာတို့​ကပင် သင်တို့​မှားကြောင်း ထောက်ပြကြ​လိမ့်မည်။


တချို့​က “ဤ​သူ​သည် နတ်ဆိုးပူး​၍ ရူးနေ၏။ ဤ​ကဲ့သို့သော​သူ​၏ စကား​ကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။


လူထု​က “သင်​သည် နတ်ဆိုးပူးနေသော​သူ​ဖြစ်၏။ မည်သူ​သည် သင့်​ကို သတ်​ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။


ဂျူးလူမျိုးတို့​က “သင်​သည် ရှမာရိလူမျိုး​ဖြစ်ပြီး နတ်ဆိုးပူးသော​သူ​လည်း​ဖြစ်သည်​ဟူ၍ ငါတို့​ပြောဆိုကြသည်​မှာ မှန်သည်​မဟုတ်လော” ဟု ဆိုကြ၏။


ဂျူး​လူမျိုးတို့​က “သင်​သည် နတ်ဆိုးပူးသော​သူ​ဖြစ်ကြောင်း ယခု​ငါတို့ သိပြီ။ အာဗြဟံ​နှင့် ပရောဖက်တို့​သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်​က ‘ငါ့​သွန်သင်ချက်​ကို လိုက်နာသော​သူ​သည် မည်သည့်​အခါမျှ မသေရ’ ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ