Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဖြောင့်မတ်စွာ​လုပ်ဆောင်ခြင်း​ကြောင့် ညှဉ်းပန်းနှိပ်စက်​ခံရသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့​၏​နိုင်ငံ​ဖြစ်​သောကြောင့်ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဖြောင့် မတ် ခြင်း ကြောင့် ညှဉ်း ပန်း ခံ ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏၊ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:10
30 ပူးပေါင်းရင်းမြစ်များ  

မြို့​တစ်မြို့​တွင် သင်တို့​ကို ညှဉ်းပန်းနှိပ်စက်​သောအခါ အခြား​တစ်မြို့​သို့ ပြေးကြလော့။ သင်တို့​အား ငါ​အမှန်​ဆို၏။ အစ္စရေးမြို့များ​ကို သင်တို့​နှံ့စပ်အောင်​မရောက်​မီ လူသား​သည် ကြွလာ​လိမ့်မည်။


သို့သော် ယေရှု​က “ကလေးငယ်များ ငါ့​ထံ​လာပါစေ။ သူတို့​ကို မတားကြနှင့်။ ကောင်းကင်​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏ နိုင်ငံတော်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


ယေရှု​က “စိတ်​အားငယ်​၍ ဘုရားသခင်​ကို လိုအပ်ကြောင်း​သိမြင်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့​၏​နိုင်ငံ​ဖြစ်​သောကြောင့်ပင်။


ယေရှု​သည် ထို​အခြင်းအရာ​ကို မြင်​သောအခါ တပည့်တော်တို့​ကို အမျက်တော်ထွက်​၍ “ကလေးငယ်များ ငါ့​ထံ​လာပါစေ။ သူတို့​ကို မတားကြနှင့်။ ဘုရားသခင်​၏​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏ နိုင်ငံတော်​ဖြစ်၏။


သူ​သည် ဤ​ဘဝ​၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်း​နှင့်တကွ အဆတစ်ရာ​မျှသော အိမ်များ၊ မြေများ၊ ညီအကို​မောင်နှမများ၊ မိခင်များ၊ သားသမီးများ​ကို ရရှိ​လိမ့်မည်။ ထို့ပြင် နောင်ဘဝ​တွင်လည်း ထာဝရ​အသက်​ကို ရရှိ​လိမ့်မည်။


သို့သော် ဤ​အရာများ​မဖြစ်ပွား​မီ လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သင်တို့​ကို ဂျူးဝတ်ပြုဆောင်များ​သို့ တရားစီရင်​ရန် အပ်ကြ​လိမ့်မည်။ ထောင်များ​တွင်လည်း အကျဉ်းချထားကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရအာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။


ငါ့​ခမည်းတော်​သည် နိုင်ငံတော်​ကို ငါ့​အား အပ်သည့်​အတိုင်း ငါ​သည်လည်း နိုင်ငံတော်​ကို သင်တို့​အား​အပ်၏။


ထို့နောက် ယေရှု​သည် သူ​၏​တပည့်တော်များ​ဘက်​သို့ လှည့်​၍ မိန့်တော်မူသည်မှာ “ဆင်းရဲသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​၏​နိုင်ငံ ဖြစ်​သောကြောင့်​ပင်။


လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


‘ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်’ ဟု သင်တို့​ကို ငါ​ပြောခဲ့သော​စကား​ကို သတိရကြလော့။ လောကီသားတို့​သည် ငါ့​ကို ညှဉ်းပန်းနှိပ်စက်​လျှင် သင်တို့​ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သူတို့​သည် ငါ့​စကား​ကို နားထောင်​လျှင် သင်တို့​၏​စကား​ကိုလည်း နားထောင်ကြ​လိမ့်မည်။


သူတို့​သည် ဂါမလျေလ​၏​အဆို​ကို လက်ခံကြ​သဖြင့် တမန်တော်တို့​ကို​ခေါ်​၍ ကြိမ်ဒဏ်ပေး​ပြီးနောက် ယေရှု​၏​အမည်​နာမ​ကို အမှီပြု​လျက် မဟောပြော​ရန် အမိန့်ပေး​ကာ လွှတ်လိုက်ကြ၏။


သတေဖန်​ကို သတ်သည့်​အမှု​တွင် ရှောလု​သည်လည်း အလိုတူအလိုပါ​ဖြစ်ခဲ့၏။ ထို​နေ့​တွင် ဂျေရုဆလင်မြို့​ရှိ အသင်းတော်​အား ပြင်းထန်သော​ညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာ​သဖြင့် တမန်တော်တို့​မှလွဲ၍ ယုံကြည်သူများ​သည် ယုဒပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​သို့ ကွဲလွင့်​ပျံ့နှံ့သွားကြလေ၏။


ကျွန်ုပ်တို့ ခဏတာ​ခံရသည့် ပေါ့ပါးသော​ဆင်းရဲဒုက္ခ​သည် ကျွန်ုပ်တို့​အတွက် အလွန်​ထူးမြတ်သော ထာဝရ​ဘုန်းအသရေ​ကို ဖြစ်ပွားစေ၏။


သင်တို့​ကို ဆန့်ကျင်သော​သူများ​ကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့​မကြောက်ရွံခြင်း​သည် သူတို့​အတွက် ပျက်စီးမည့်​လက္ခဏာ​ဖြစ်​ပြီး သင်တို့​အတွက်​မူ ဘုရားသခင်​ကိုယ်တိုင် ကယ်တင်မည့်​လက္ခဏာ​ဖြစ်၏။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


အဆုံး​တိုင်အောင် စိတ်ရှည်​သည်းခံသော​သူတို့​သည် မင်္ဂလာရှိသည်​ဟု ကျွန်ုပ်တို့​ယူဆ၏။ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​အကြောင်း​ကို သင်တို့​အားလုံး ကြားကြပြီ။ ထာဝရဘုရား​သည် သနား​ကြင်နာခြင်း​နှင့် ကရုဏာ​အပြည့်​ရှိ​သောကြောင့် အဆုံး​တွင် ယောဘ​ကို မည်သို့​ကြည့်ရှုသည်​ကိုလည်း သင်တို့​သိကြပြီ။


မာရ်နတ်​နှင့် သက်ဆိုင်သူ​ဖြစ်​ပြီး မိမိ​ညီ​ကို သတ်သော ကာဣန​ကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣန​သည် အဘယ်ကြောင့် ညီ​ကို သတ်သနည်း။ အကြောင်းမှာ သူ​၏​အကျင့်​သည် ဆိုးညစ်​၍ ညီ​ဖြစ်သူ​၏​အကျင့်​မှာ ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


သင်​ခံစားရမည့်​ဆင်းရဲဒုက္ခ​ကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်​သည် သင့်​ကို စမ်းသပ်​ရန် သင်တို့​ထဲမှ တချို့​ကို ထောင်ချ​လိမ့်မည်။ သင်​သည်​ဆယ်ရက်​တိုင် ဆင်းရဲဒုက္ခ ခံရ​လိမ့်မည်။ သေသည်​တိုင်အောင် သစ္စာ​ရှိလော့။ ထိုသို့​ပြု​လျှင် အသက်​ဆုသရဖူ​ကို သင့်​အား ငါ​ပေးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ