Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သေမျိုး​ဖြစ်သော ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​၌ ယေရှု​အသက်ရှင်တော်မူကြောင်း ပေါ်လွင်​ထင်ရှား​နိုင်ရန် အသက်ရှင်​စဉ်​ကာလ​တွင် ကျွန်ုပ်တို့​သည် ယေရှု​ကို​အစေခံ​၍ အစဉ်မပြတ် သေဘေး​နှင့် ရင်ဆိုင်​ကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 မု ချ အား ဖြင့် ငါ တို့ အ နိ စ္စ ခ န္ဓာ များ တွင် ယေ ရှု၏ အ သက် ရှင် တော် မူ ခြင်း ထင် ရှား စေ ရန် ရှင် လျက် နေ သော ငါ တို့ သည် ယေ ရှု အ တွက် သေ ဒဏ် သို့ အ စဉ် ပို့ အပ် ခံ ရ ကြ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို၊ ငါ​တို့၏​သေ​တတ်​သော ခ​န္ဓာ​ကိုယ်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​သက်​ရှင်​စဉ်​တွင် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​အပ်​နှံ​ခြင်း​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:11
11 ပူးပေါင်းရင်းမြစ်များ  

ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


ကျမ်းစာ​၌ “ကျွန်ုပ်တို့​သည် အရှင့်​အတွက် တစ်နေ့လုံး​သေဘေး​နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့​သည် အကျွန်ုပ်တို့​ကို သတ်​ရန် လျာထားသည့် သိုးများ​ကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​၌ သင်တို့​အတွက် ကျွန်ုပ်​ဂုဏ်ယူ​ဝမ်းမြောက်သည်​ကို တိုင်တည်​၍ “ကျွန်ုပ်​သည် နေ့စဉ်​နေ့တိုင်း သေရ၏” ဟု ကျွန်ုပ်​ဆို၏။


ကျွန်ုပ်တို့​သည် ယခု မြေကြီးသား​၏ ပုံသဏ္ဌာန်​ကို ဆောင်​သကဲ့သို့ နောင်​တွင် ကောင်းကင်သား​၏ ပုံသဏ္ဌာန်​ကိုလည်း ဆောင်ကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​ခံရခြင်း​အားဖြင့် ယေရှု​အသေခံတော်မူခြင်း​ကို ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​တွင် အစဉ်​ဆောင်ထားကြသည်​မှာ ယေရှု​အသက်ရှင်တော်မူခြင်း​ကို ကိုယ်ခန္ဓာ​တွင် ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်၏။


ထိုသို့ ကျွန်ုပ်တို့​သည် သေဘေး​နှင့် ရင်ဆိုင်ရ​သော်လည်း ဤ​အရာ​သည် သင်တို့​အတွက် ထာဝရ​အသက်​ကို ရရှိ​စေ၏။


ကျွန်ုပ်တို့​သည် ဤ​လောကီ​ခန္ဓာ​တွင် ရှိနေ​စဉ် လေးလံသော​ဝန်​ကို ထမ်းရ​သောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်​မှာ ဤ​လောကီ​ခန္ဓာ​မှ ထွက်ခွာ​လို​သောကြောင့် မဟုတ်ဘဲ သေတတ်သော​အရာ​ကို ထာဝရ​အသက်ရှင်ခြင်း​ဖြင့် အစားထိုး​နိုင်ရန် ကောင်းကင်ဘုံ​ရှိ ကိုယ်ခန္ဓာ​ကို ဝတ်ဆင်​လို​သောကြောင့် ဖြစ်၏။


တချို့​သည် ကျွန်ုပ်တို့​ကို တမန်တော်​အဖြစ် အသိအမှတ်​မပြုကြ​သော်လည်း ကျွန်ုပ်တို့​သည် ထင်ပေါ်​ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူ​ကဲ့သို့​ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်​ခံရသူများ​ကဲ့သို့​ဖြစ်သော်လည်း အသတ်​မခံရကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ