တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
မဿဲ 13:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။- Garrad Bible ကိုယ် တော် က သင် တို့ မှာ ကောင်း ကင် နိုင် ငံ တော် နှင့် စပ် လျဉ်း သည့် နက် နဲ ရာ များ ကို သိ ခွင့် ရ ကြ၏။ ထို သူ တို့ မူ ကား သိ ခွင့် မ ရ ကြ။ Judson Bible ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။ မြန်မာ ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊- |
တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
သို့သော် ယေရှုက “ဤအဆိုကို လူတိုင်း လက်ခံနိုင်ကြမည်မဟုတ်။ ဘုရားသခင်က နားလည်နိုင်စွမ်းပေးတော်မူသောသူတို့သာ လက်ခံနိုင်ကြ၏။
ယေရှုက “သင်တို့သည် ငါ၏ခွက်ကို အမှန်သောက်ကြရမည်။ သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
ဆက်လက်၍ ယေရှုက “ထို့ကြောင့် ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြဟု သင်တို့ကို ငါပြောခဲ့ပြီ” ဟု မိန့်တော်မူ၏။
ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
သွာတိရမြို့မှ ဘုရားသခင်ကို ကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ပြောသောအရာများကို နားထောင်လျက်နေ၏။ သူသည် ခရမ်းရောင်အထည်များကို ရောင်းသောသူဖြစ်၏။ ပေါလုဟောပြောသော စကားများကို အာရုံစိုက်နားထောင်ရန်အတွက် သူ၏စိတ်နှလုံးကို ဘုရားသခင်သည် ဖွင့်ပေးတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
ဤတစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းသည် အလွန် နက်နဲသောအရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ကျွန်ုပ်ပြောဆိုခြင်း ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သူတို့သည် ယုံကြည်ခြင်းတရား၏ လျှို့ဝှက်နက်နဲသောအမှန်တရားကို လိပ်ပြာသန့်သန့်ဖြင့် ဆက်လက်ယုံကြည်သူများဖြစ်ရမည်။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
သို့သော် သင်တို့မှာမူ သန့်ရှင်းသောအရှင်ထံမှ ဘိသိက်ပေးခြင်းခံရသဖြင့် သမ္မာတရားကို သိကြ၏။
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။