၁ ကော 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible14 ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ဘု ရား သ ခင့် ဝိ ညာဉ် တော် ဆိုင် ရာ များ ကို ဝိ ညာဉ် အား ဖြင့် သာ စီ စစ် သိ မြင် ခွင့် ရှိ သော ကြောင့် ပြ က တေ့ လူ သည် လက် မ ခံ၊ မ သိ မ မြင် နိုင် ဘဲ အ မိုက် ဟု ထင် မှတ် တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible14 ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။
သို့သော် ကိုယ်တော်သည် မိမိဝိညာဉ်တော်ကို သင်တို့အပေါ် သွန်းလောင်းတော်မူပြီ။ ထိုဝိညာဉ်တော်သည် သင်တို့ထဲ၌ ကိန်းအောင်း၍ သင်တို့အား အရာအားလုံးကို သွန်သင်ပေးတော်မူသဖြင့် မည်သူမျှ သင်တို့ကို သွန်သင်ပေးရန် မလိုအပ်ပါ။ ဝိညာဉ်တော်သွန်သင်ပေးတော်မူသောအရာတို့သည် မှန်ကန်၍ အမှားမရှိ။ ထို့ကြောင့် သင်တို့သည် ထိုသွန်သင်မှုအတိုင်း ခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။