လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
မဿဲ 10:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။ Common Language Bible သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။ Garrad Bible တစ် မြို့ တွင် သင် တို့ ကို ညှဉ်း ပန်း ကြ သော် တစ် မြို့ သို့ ထွက် ပြေး ကြ လော့။ လူ့ သား မ ကြွ မ ရောက် မီ ဣ သ ရေ လ မြို့ များ ကို သင် တို့ လှည့် လည်၍ နှံ့ မည် မ ဟုတ်။ ငါ အ မှန် ဆို၏။ Judson Bible တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။ မြန်မာ တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။- |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ပညာရှိများ ထွက်ခွာသွားပြီးနောက် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ထလော့။ သူငယ်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကို ရှာဖွေ၍ သတ်ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါပြန်ခေါ်မည့်အချိန်ထိတိုင်အောင် ထိုအရပ်၌ နေကြလော့” ဟု ဆိုလေ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ဤစီရင်မှုရှိသမျှသည် ယခုရှိသောမျိုးဆက်များအပေါ် ကျရောက်လိမ့်မည်။
လျှပ်စီးသည် ကောင်းကင်အရှေ့ဘက်မှ လက်၍ အနောက်ဘက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား ကြွလာသောအခါ၌လည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်။
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။
သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။
ထိုညတွင် ယုံကြည်သူတို့သည် ပေါလုနှင့်သိလတို့ကို ဗေရိမြို့သို့ ချက်ချင်းထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည် ဂျူးဝတ်ပြုဆောင်သို့ သွားကြ၏။
ထိုအခါ ယုံကြည်သူတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့ဆောင်ကြ၏။ သို့ရာတွင် သိလနှင့်တိမောသေတို့သည် ထိုမြို့၌ နေရစ်ခဲ့ကြ၏။
ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။