Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:23 - မြန်မာ

23 တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 တစ် မြို့ တွင် သင် တို့ ကို ညှဉ်း ပန်း ကြ သော် တစ် မြို့ သို့ ထွက် ပြေး ကြ လော့။ လူ့ သား မ ကြွ မ ရောက် မီ ဣ သ ရေ လ မြို့ များ ကို သင် တို့ လှည့် လည်၍ နှံ့ မည် မ ဟုတ်။ ငါ အ မှန် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 မြို့​တစ်မြို့​တွင် သင်တို့​ကို ညှဉ်းပန်းနှိပ်စက်​သောအခါ အခြား​တစ်မြို့​သို့ ပြေးကြလော့။ သင်တို့​အား ငါ​အမှန်​ဆို၏။ အစ္စရေးမြို့များ​ကို သင်တို့​နှံ့စပ်အောင်​မရောက်​မီ လူသား​သည် ကြွလာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:23
29 ပူးပေါင်းရင်းမြစ်များ  

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-


ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။


ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။-


ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။-


လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။-


ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-


သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​ဆိုး​က ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့်၊-


သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။


ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊-


ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-


ငါ​ဆို​သည်​ကား၊ သူ​တို့​ဘက်၌ အ​လျင်​အ​မြန် တ​ရား​စီ​ရင်​တော်​မူ​မည်။ သို့​သော်​လည်း လူ​သား​သည် ကြွ​လာ​သော​အ​ခါ ယုံ​ကြည်​ခြင်း​ကို မြေ​ကြီး​ပေါ်​မှာ တွေ့​မည်​လော​ဟု သ​ခင်​ဘု​ရား​သည် မိန့်​တော်​မူ၏။


ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-


ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ