လုကာ 21:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible27 မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ27 ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုအရာများပြီးမှ နောက်ဆုံးတွင် လူသားကြွလာမည့် နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။