Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 လျှပ်စီး​သည် ကောင်းကင်​အရှေ့ဘက်​မှ လက်​၍ အနောက်ဘက်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူသား ကြွလာ​သောအခါ​၌လည်း ထိုကဲ့သို့ ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 လျှပ် စစ် သည် အ ရှေ့ က ပြက် လျှင် အ နောက် တိုင် လင်း သည့် နည်း တူ လူ့ သား ကြွ လာ ခြင်း ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အကြောင်းမူကား လျှပ်စီး​သည် အရှေ့​အရပ်​မှ​လက်​ပြီး အနောက်​အရပ်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူ့သား​၏​ကြွလာ​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:27
18 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် တစ်စုံတစ်ဦး​က သင်တို့​ကို ‘ကြည့်လော့။ ခရစ်တော်​သည် တောကန္တာရ​တွင် ရှိသည်’ ဟု ဆိုလျှင်​လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤ​နေရာ​၌ ပုန်းနေသည်’ ဟု ဆိုလျှင်​လည်း မယုံကြနှင့်။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


လူသား​သည် ပြန်ကြွလာ​သောအခါ နောဧ လက်ထက်​၌ ဖြစ်ပျက်​သကဲ့သို့ ဖြစ်ပျက်​လိမ့်မည်။


ရေလွှမ်းမိုး​၍ သေကျေ​ပျက်စီးသည့်​အချိန်​တိုင်အောင် သူတို့​သည် သတိကင်းမဲ့​လျက် နေကြ၏။ လူသား​ကြွလာသော​အခါ​၌လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်။


ထို့ကြောင့် လူသား​သည် သင်တို့ မထင်မှတ်ထားသော​အချိန်​တွင် ကြွလာမည်​ဖြစ်​၍ သင်တို့​သည်လည်း အဆင်သင့်​ရှိနေကြလော့။


သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။


မကြာမီ သခင်ဘုရား​ကြွလာတော်မူမည် ဖြစ်​သောကြောင့် သင်တို့​သည်လည်း စိတ်ရှည်သည်းခံ​၍ တည်ကြည်​လျက် နေကြလော့။


ထို​သူတို့​က “ယေရှု​ပြန်ကြွလာမည် ဟူသော ကတိတော်​သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး​ကတည်းက အရာ​အားလုံး​သည် ကမ္ဘာဦး​အစ ဖန်ဆင်းခဲ့သည့်​အချိန်က​အတိုင်း ဆက်လက်​ရှိနေဆဲ​ပင် ဖြစ်၏” ဟူ၍ ပြောကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ