ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဗျာဒိတ် 14:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို အ ခါ ယ ခု က စ၍ အ ရှင် ဘု ရား၌ သေ လွန် သူ တို့ မင်္ဂ လာ ရှိ သည် ကို ရေး သား လော့ ဟု ကောင်း ကင် ဘုံ မှ အ မိန့် သံ ကို ငါ ကြား ရ၏။ ဝိ ညာဉ် တော် က လည်း ထို သူ တို့ သည် အ လုပ် ဝန် ပြီး စီး ငြိမ်း ချမ်း၍ အ ကျိုး ဆက် ထက် ကြပ် ပါ သည့် အ ရာ၌ ထို သို့ မှန် ပေ သည် ဟု မြွက် ဆို တော် မူ ၏။ Judson Bible တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။ |
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သို့ရာတွင် အာဗြဟံက ‘ငါ့သား… သင်အသက်ရှင်စဉ်ဘဝတွင် ကောင်းမွန်သောအရာများကို ခံစားခဲ့ရပြီး လာဇရုမှာ မကောင်းသောအရာများကိုသာ ခံစားခဲ့ရသည်ကို သတိရလော့။ ထို့ကြောင့် သူသည် ဤနေရာတွင် သက်သာခြင်းကို ခံစားရ၍ သင်သည် ပြင်းထန်စွာ ဝေဒနာခံစားရ၏။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ကျွန်ုပ်တို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်၏။ သေလျှင်လည်း သခင်ဘုရားအတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကျွန်ုပ်တို့သည် သခင်ဘုရားပိုင်သောသူများ ဖြစ်ကြ၏။
ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ယုံကြည်လျက် ကွယ်လွန်သွားသောသူတို့သည်လည်း ပျက်စီးကြပြီဖြစ်ပေမည်။
အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
ယေရှုသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်သည်ကို ကျွန်ုပ်တို့ယုံကြည်သောကြောင့် ယေရှုပြန်ကြွလာသည့် အချိန်တွင် သေလွန်ပြီးသည့် ယုံကြည်သူများကိုလည်း ဘုရားသခင်သည် ခရစ်တော်နှင့်အတူ ယူဆောင်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ ကြွေးကြော်အမိန့်ပေးသံနှင့်တကွ ကောင်းကင်တမန်မင်း၏အသံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တိုင် ကောင်းကင်က ဆင်းကြွလာသောအခါ ခရစ်တော်ကို ယုံကြည်လျက် သေလွန်သောယုံကြည်သူများသည် ဦးစွာထမြောက်ကြမည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ဆဲရှိသည်ဖြစ်စေ၊ သေလွန်ပြီးသည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
လူတချို့၏ အပြစ်များသည် တရားမစီရင်မီကပင် သိသာထင်ရှား၏။ လူတချို့၏ အပြစ်များသည် နောက်မှ ပေါ်လာတတ်၏။
ထိုနည်းတူ ကောင်းမှုများသည် သိသာထင်ရှား၏။ မသိသာမထင်ရှားသော ကောင်းမှုများသည်လည်း ဖုံးကွယ်၍ ရမည်မဟုတ်။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ထိုမိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောအခါ ကျွန်ုပ်သည် ရေးမှတ်ရန်ပြင်စဉ် “မိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောစကားကို လျှို့ဝှက်ထားလော့။ မရေးမှတ်နှင့်” ဟူ၍ ကောင်းကင်ဘုံမှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ထို့နောက် သတ္တမကောင်းကင်တမန်သည် သူ၏ ဖလားကို လေထဲသို့ သွန်းလောင်းလိုက်သောအခါ “အမှုပြီးမြောက်ပြီ” ဟု ဗိမာန်တော်အတွင်းရှိ ရာဇပလ္လင်တော်မှ ကျယ်လောင်စွာ ပြောဆိုသောအသံ ထွက်လာ၏။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။
ဧဖက်မြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ ရွှေဆီမီးတိုင်ခုနစ်တိုင်ကြားတွင် သွားလာသောသူက ဤသို့မိန့်တော်မူ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
ပထမရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သူများသည် မင်္ဂလာရှိပြီး သန့်ရှင်းကြ၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် သြဇာအာဏာမရှိ။ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးရလိမ့်မည်။
ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောအရှင်က “ငါသည် အရာအားလုံးကို အသစ်ဖြစ်စေ၏” ဟု မိန့်တော်မူပြီးနောက် “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်သောကြောင့် ရေးထားလော့” ဟူ၍လည်း မိန့်တော်မူ၏။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။
ထို့နောက် သူတို့တစ်ဦးစီအား ဝတ်ရုံဖြူများကို ပေးတော်မူ၏။ သူတို့နည်းတူ အသတ်ခံရမည့် သူတို့၏အစေခံချင်း၊ သူတို့၏ညီအစ်ကိုမောင်နှမချင်း အရေအတွက်ပြည့်သည်အထိ အနည်းငယ်စောင့်ကြရန် သူတို့အား မိန့်တော်မူ၏။