Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 အမှန်​တွင်မူ ခရစ်တော်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​၍ သေလွန်သော​သူတို့​အနက် အဦးဆုံး​ရှင်ပြန်​ထမြောက်သောသူ ဖြစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 မု ချ အား ဖြင့် ခ ရစ် တော် သည် အိပ် ပျော် သူ တို့ အ နက် ကောက် ဦး အ ဖြစ် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:20
10 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်းမှ​ရှင်ပြန်​ထမြောက်စေတော်မူ​၍ သေခြင်းနှင့်​ဆိုင်သော​ဝေဒနာ​မှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုး​သည် ထို​အရှင်​ကို အစဉ်​ချုပ်နှောင်ထား​ရန် မဖြစ်နိုင်​သောကြောင့်​ပင်။


သူတို့​ဟောပြောခဲ့သည့်​အတိုင်း ခရစ်တော်​သည် ဒုက္ခဝေဒနာ​ကို ခံစားရမည်။ ထို့ပြင် သေသော​သူတို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်တော်မူခြင်း​အားဖြင့် ဂျူးလူမျိုး​နှင့် လူမျိုးခြားတို့​ထံသို့ အလင်းတရား​ကို ကြေညာ​ဟောပြောတော်မူမည်​ဟု အကျွန်ုပ်​ဟောပြောပါ၏” ဟူ၍ ဖြစ်၏။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သို့သော် ထမြောက်ခြင်း​တွင် အလှည့်ကျ​ရှိမည်​ဖြစ်ပြီး ခရစ်တော်​သည် အဦးဆုံး​ရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်​နှင့်​ဆိုင်သော​သူတို့​သည် ခရစ်တော် ပြန်လည်​ကြွလာတော်မူ​သောအခါ ထမြောက်ကြ​လိမ့်မည်။


ထို့နောက် ယုံကြည်သောသူ​ငါးရာ​ကျော်​တို့​အား တစ်ချိန်တည်း​တွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထို​သူတို့​ထဲမှ တချို့​သည် ကွယ်လွန်ကြပြီ​ဖြစ်​သော်လည်း အများစု​မှာမူ သက်ရှိ​ထင်ရှား​နေဆဲ​ဖြစ်ကြ၏။


ကိုယ်တော်​သည် အသင်းတော်​ဟူသော မိမိ​ကိုယ်ခန္ဓာ​၏ ဦးခေါင်း​ဖြစ်​၍ ကိုယ်ခန္ဓာ​၏ မူလ​အရင်းအမြစ် ဖြစ်တော်မူ၏။ သေရာ​မှ အဦးဆုံး ရှင်ပြန်​ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်​သည် အရာ​အားလုံး​တွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ ကြွေးကြော်​အမိန့်ပေးသံ​နှင့်တကွ ကောင်းကင်တမန်မင်း​၏​အသံ၊ ဘုရားသခင်​၏​တံပိုးတော်​မှုတ်သံ​တို့​ဖြင့် သခင်ဘုရား​ကိုယ်တိုင် ကောင်းကင်​က ဆင်းကြွလာ​သောအခါ ခရစ်တော်​ကို ယုံကြည်​လျက် သေလွန်သော​ယုံကြည်သူများ​သည် ဦးစွာ​ထမြောက်ကြမည်။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်​ပါစေသော။ ယေရှု​ခရစ်တော်​သည် သစ္စာရှိသော​သက်သေခံ၊ သေခြင်း​မှ အဦးဆုံး​ထမြောက်သောသူ၊ လောကီ​ဘုရင်တို့​၏​မင်း ဖြစ်တော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်​၍ အသေခံတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ လွတ်မြောက်စေတော်မူ၏။


ထို့နောက် “ဤ​အရာ​ကို ရေးမှတ်ထားလော့။ ယခု​မှစ၍ သခင်ဘုရား​ကို သစ္စာရှိ​စွာ ယုံကြည်​လျက် သေလွန်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကောင်းကင်ဘုံ​မှ ပြောဆိုသံ​ကို ကျွန်ုပ်​ကြားရ၏။ ဝိညာဉ်တော်​ကလည်း “မှန်ပေ၏။ သူတို့​ပြုခဲ့သော​အမှုများ​အတွက် ဆုပေးခံကြရ​သဖြင့် သူတို့​သည် ပင်ပန်း​ဆင်းရဲ​စွာ လုပ်ဆောင်ခြင်း​မှ အနားယူခွင့် ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ