၁ တိ 5:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 လူတချို့၏ အပြစ်များသည် တရားမစီရင်မီကပင် သိသာထင်ရှား၏။ လူတချို့၏ အပြစ်များသည် နောက်မှ ပေါ်လာတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible24 အချို့သောသူတို့၏အပြစ်ဒုစရိုက်များသည် သိသာထင်ရှား၏။ သူတို့၏အြုပစ်များသည် တရားခွင်သို့အလျင်သွားတတ်၏။ အချို့သော သူတို့၏အပြစ်ဒုစရိုက်များမူကားနောင် အခါမှသိသာထင်ရှား၍လာတတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible24 အ ချို့ တို့ ပြစ် မှု များ သည် ထင် ရှား သည့် အ တိုင်း စီ ရင် ရာ ခံ ခြင်း ငှါ ရှေ့ လွန် ရောက် တတ်၏။ အ ချို့ တို့၌ မူ ကား နောက် ချန် လိုက် တတ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible24 အချို့သောသူတို့၏ ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။