ဗျာဒိတ် 14:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 တစ်ဖန် ကျွန်ုပ်ကြည့်လိုက်ရာ လူသားနှင့် တူသည့်သူတစ်ဦးသည် မိုးတိမ်ဖြူပေါ်တွင် ထိုင်နေသည်ကို မြင်ရ၏။ သူသည် ခေါင်းပေါ်တွင် ရွှေသရဖူကို ဆောင်းထားပြီး လက်ထဲ၌ ထက်သောတံစဉ်တစ်ခုကို ကိုင်ထား၏။ အခန်းကိုကြည့်ပါ။Common Language Bible14 တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။- အခန်းကိုကြည့်ပါ။Garrad Bible14 တစ် ဖန် ငါ မျှော် ကြည့် ရာ တိမ် တိုက် ဖြူ ကို လည်း ကောင်း၊ တိမ် တိုက် ထက် လူ့ သား နှင့် တူ သော ပု ဂ္ဂိုလ် တစ် ပါး သည် ရွှေ သ ရ ဖူ ကို ဆောင်း လျက်၊ ထက် သော တံ စဉ် ကို ကိုင် လျက် ထိုင် နေ သည် ကို လည်း ကောင်း မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။ အခန်းကိုကြည့်ပါ။ |