၁ သက် 4:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ယေရှုသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်သည်ကို ကျွန်ုပ်တို့ယုံကြည်သောကြောင့် ယေရှုပြန်ကြွလာသည့် အချိန်တွင် သေလွန်ပြီးသည့် ယုံကြည်သူများကိုလည်း ဘုရားသခင်သည် ခရစ်တော်နှင့်အတူ ယူဆောင်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။