ဗျာဒိတ် 19:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ထို အ ခါ စေ တ မန် တော် က၊ သိုး ငယ် တော်၏ မင်္ဂ လာ ဆောင် ပွဲ တော် သို့ ဖိတ် ကြား ခံ ရ သူ တို့၌ မင်္ဂ လာ ရှိ သည် ကို ရေး သား လော့ ဟူ၍ လည်း ကောင်း၊ ဤ ကား ဘု ရား သ ခင့် ဗျာ ဒိတ် တော် စစ် ဖြစ် သည် ဟူ၍လည်း ကောင်း မြွက် ဆို ရာ၊ အခန်းကိုကြည့်ပါ။Judson Bible9 ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။