Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ ကြွေးကြော်​အမိန့်ပေးသံ​နှင့်တကွ ကောင်းကင်တမန်မင်း​၏​အသံ၊ ဘုရားသခင်​၏​တံပိုးတော်​မှုတ်သံ​တို့​ဖြင့် သခင်ဘုရား​ကိုယ်တိုင် ကောင်းကင်​က ဆင်းကြွလာ​သောအခါ ခရစ်တော်​ကို ယုံကြည်​လျက် သေလွန်သော​ယုံကြည်သူများ​သည် ဦးစွာ​ထမြောက်ကြမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 4:16
33 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ယေရှု​က “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ နောင်​တွင် လူသား​သည် တန်ခိုးရှင်​၏​လက်ယာတော်ဘက်​၌ ထိုင်​၍ ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို သင်တို့​မြင်ကြရ​လိမ့်မည်” ဟု ပြန်​၍ မိန့်တော်မူ၏။


ထို​သူတို့​က “အို ဂါလိလဲပြည်သားတို့… သင်တို့​သည် အဘယ်ကြောင့် ကောင်းကင်​သို့ မျှော်ကြည့်​လျက် ရပ်နေကြသနည်း။ သင်တို့​ထံမှ ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ခံရသော ထို​ယေရှု​သည် ကောင်းကင်ဘုံ​သို့ ကြွမြန်းတော်မူသည်​ကို သင်တို့​မြင်ကြရသည့်​နည်းတူ ပြန်​၍​ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။


ထိုသို့​ဖြစ်လျှင် ခရစ်တော်​ကို ယုံကြည်​လျက် ကွယ်လွန်သွားသော​သူတို့​သည်လည်း ပျက်စီးကြပြီ​ဖြစ်ပေမည်။


အမှန်​တွင်မူ ခရစ်တော်​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​၍ သေလွန်သော​သူတို့​အနက် အဦးဆုံး​ရှင်ပြန်​ထမြောက်သောသူ ဖြစ်တော်မူ၏။


သို့သော် ထမြောက်ခြင်း​တွင် အလှည့်ကျ​ရှိမည်​ဖြစ်ပြီး ခရစ်တော်​သည် အဦးဆုံး​ရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်​နှင့်​ဆိုင်သော​သူတို့​သည် ခရစ်တော် ပြန်လည်​ကြွလာတော်မူ​သောအခါ ထမြောက်ကြ​လိမ့်မည်။


ထို့ပြင် ကောင်းကင်းဘုံ​မှ ကြွလာမည့် သားတော်​ကို သင်တို့​မည်သို့ မျှော်လင့်ကြောင်း​ကိုလည်း သူတို့​ပြောပြကြ၏။ ဘုရားသခင်​သည် ထို​သားတော်​ကို သေခြင်း​မှ ထမြောက်စေတော်မူ​ပြီး ထို​သားတော်​သည် ကျရောက်လာမည့်​ဘုရားသခင်​၏ အမျက်တော်​မှ ကျွန်ုပ်တို့​ကို ကယ်တင်တော်မူသော ယေရှု​ဖြစ်၏။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် သင်တို့​ထံ ကျွန်ုပ်တို့ လာ​နိုင်ရန် လမ်းဖွင့်​ပေးတော်မူပါစေသော။


ဆင်းရဲ​ဒုက္ခရောက်​နေသော သင်တို့​နှင့်အတူ ကျွန်ုပ်တို့​ကိုလည်း စိတ်သက်သာရာ​ရစေတော်မူ​လိမ့်မည်။ သခင်​ယေရှု​သည် မီးလျှံ​ကြား​က တန်ခိုးကြီးသော ကောင်းကင်တမန်များ​ခြံရံ​လျက် ကောင်းကင်ဘုံ​မှ ပေါ်ထွက်လာ​သောအခါ


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ကြွလာတော်မူခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ ကျွန်ုပ်တို့ စုဝေးခြင်း​အကြောင်း​တို့နှင့်​ပတ်သက်​၍


သို့သော် ထာဝရဘုရား​၏​နေ့ရက်​သည် သူခိုး​ကဲ့သို့ ရောက်လာ​လိမ့်မည်။ ကောင်းကင်​သည် မြည်ဟည်း​၍ ပျောက်ကွယ်​လိမ့်မည်။ လောကဓာတ်တို့​သည် အလွန်​ပူပြင်း​၍ ပျက်ပြယ်သွားကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​နှင့် ကမ္ဘာမြေ​ပေါ်တွင် ပြုလုပ်ထား​သမျှ အရာ​အားလုံး​သည် ပျောက်ကွယ်သွား​လိမ့်မည်။


သို့ရာတွင် ကောင်းကင်တမန်မင်း​မိက္ခေလ​ပင်လျှင် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်​၍ မာရ်နတ်​နှင့် ငြင်းခုံ​သောအခါ ပြစ်တင်​စော်ကားစကား​မဆိုဝံ့ဘဲ “ထာဝရဘုရား​သည် သင့်​ကို ဆုံးမတော်မူပါစေ” ဟူ၍​သာ ဆိုခဲ့၏။


ကျွန်ုပ်​သည် သခင်ဘုရား​နေ့​တွင် ကျွန်ုပ်​အပေါ် ဝိညာဉ်တော်​သက်ရောက်လာ​သဖြင့် ကျွန်ုပ်​သည် တံပိုး​ခရာသံ​ကဲ့သို့ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​နောက်​၌ ကြားရ၏။


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ထို့နောက် “ဤ​အရာ​ကို ရေးမှတ်ထားလော့။ ယခု​မှစ၍ သခင်ဘုရား​ကို သစ္စာရှိ​စွာ ယုံကြည်​လျက် သေလွန်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကောင်းကင်ဘုံ​မှ ပြောဆိုသံ​ကို ကျွန်ုပ်​ကြားရ၏။ ဝိညာဉ်တော်​ကလည်း “မှန်ပေ၏။ သူတို့​ပြုခဲ့သော​အမှုများ​အတွက် ဆုပေးခံကြရ​သဖြင့် သူတို့​သည် ပင်ပန်း​ဆင်းရဲ​စွာ လုပ်ဆောင်ခြင်း​မှ အနားယူခွင့် ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် ကောင်းကင်​အလယ်​၌ ပျံဝဲနေသည့် လင်းယုန်ငှက်​တစ်ကောင်​ကို ကျွန်ုပ်​မြင်ရ၏။ ထို​လင်းယုန်​က “ကျန်ရှိသော​ကောင်းကင်တမန်​သုံးပါးတို့​၏ တံပိုးခရာ​မှုတ်တော့မည့်​အသံ​ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​သည် အမင်္ဂလာ​ရှိကြ​လိမ့်မည်။ အမင်္ဂလာ​ရှိကြ​လိမ့်မည်။ အမင်္ဂလာ​ရှိကြ​လိမ့်မည်” ဟု​ကျယ်လောင်​စွာ ကြွေးကြော်သည်​ကို ကျွန်ုပ်​ကြားရ၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ