ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
တိတု 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။ Common Language Bible ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။- Garrad Bible အ သို့ ဆို သော် လူ ခပ် သိမ်း တို့ ကို ကယ် တင် ရန် ဘု ရား သ ခင့် ကျေး ဇူး တော် သည် ထင် ရှား ရာ၊ Judson Bible အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း၊ ငါတို့သည် မျှော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ဖြစ်၏” ဟု ရေးသားထား၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ဂျူးဝတ်ပြုဆောင်မှ အစည်းအဝေးရုပ်သိမ်းသောအခါ ဂျူးအများအပြားနှင့် ဘုရားသခင်ကိုကိုးကွယ်သောဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗနောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်ကို အမှီပြု၍ ဆက်လက်ရှင်သန်ရန် ပြောဆိုတိုက်တွန်းကြ၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားက ကျွန်ုပ်တို့အား ‘သင်တို့သည် ကမ္ဘာမြေအဆုံးတိုင်အောင် ကယ်တင်ခြင်းတရားကို မျှဝေနိုင်ရန် ငါသည်သင်တို့ကို လူမျိုးခြားများအတွက် အလင်းဖြစ်စေရန် ခန့်ထား၏’ ဟု မိန့်တော်မူသည်” ဟူ၍ ဖြစ်၏။
ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။
သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
ထိုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ကြွလာတော်မူခြင်းဖြင့် ယခုထင်ရှားပြီ။ ခရစ်တော်သည် သေခြင်းကို ဖျက်ဆီးပြီး မပျက်စီးမယိုယွင်းသောအသက်ရှင်ခြင်းအကြောင်းကို သတင်းကောင်းဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။