ရောမ 5:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သို့ရာတွင် အာဒံ၏အပြစ်နှင့် ဘုရားသခင်၏ ဆုကျေးဇူးသည် အလွန်ကွာခြား၏။ ဤလူတစ်ဦးဖြစ်သော အာဒံ၏ အပြစ်ကြောင့် လူများစွာသည် သေကြရ၏။ သို့သော် အခြားသူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် လူများစွာက ရရှိသောဘုရားသခင်၏ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းဟူသည့်လက်ဆောင်သည် ပို၍ ကြီးမား၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible15 လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘော မတူ။ အကြောင်းမူကား၊ လူတစ်ယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |