အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တိ​တု 1:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ကျန်း ခံ့ ရေး ဒေ သ နာ ဖြင့် နှိုး ဆော် သည် သာ မ က ငြင်း ဆန် သူ တို့ ကို ဆုံး မ နိုင် ရန် သ စ္စာ တည် ရာ ဒေ သ နာ တ ရား ကို စွဲ မြဲ သူ ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် မှန်ကန်​ပြည့်စုံ​သော​သြဝါဒ​အားဖြင့် တိုက်တွန်း​နှိုးဆော်​နိုင်​ရန်​နှင့် ဆန့်ကျင်​ပြောဆို​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​နိုင်​ရန် မိမိ​သင်ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်စုံ​သော​နှုတ်ကပတ်​တရား​ကို စွဲကိုင်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။



တိ​တု 1:9
24 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ယေရှု​သည် ခရစ်တော် ဖြစ်ကြောင်း​ကို ကျမ်းစာ​အားဖြင့် ထောက်ပြ​လျက် လူထု​ပရိသတ်​ရှေ့​၌ ဂျူးတို့​ကို အခိုင်အမာ​ချေပပြောဆိုနိုင်​သောကြောင့် ဖြစ်၏။


သို့သော် သင်တို့​ရှိသမျှ​သည် ပရောဖက်ပြု​ဟောပြောနေကြ​စဉ် အကျွမ်းတဝင်​မရှိသေးသော​သူများ​နှင့် မယုံကြည်သူများ ဝင်လာ​လျှင် သင်တို့​၏​ဟောပြောချက်​အားဖြင့် သူတို့​က မိမိတို့​သည် အပြစ်ရှိသူများ​ဖြစ်ကြောင်း​နှင့် စစ်ဆေး​စီရင်ခြင်း​ကို ခံရမည်​ဖြစ်ကြောင်း သိမြင်လာကြ​လိမ့်မည်။


သို့သော် အရာ​အားလုံး​ကို မှန်​မ​မှန် စစ်ဆေး​ပြီး ကောင်းမွန်သည့် အရာတို့​ကို လက်ခံကြလော့။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။


“ယေရှု​ခရစ်တော်​သည် အပြစ်သားများ​ကို ကယ်တင်​ရန် ဤ​လောက​သို့ ဆင်းကြွလာသည်” ဟူသော စကား​သည် လုံးဝ​မှန်ကန်ပြီး အပြည့်အဝ​လက်ခံ​ထိုက်၏။ ထို​အပြစ်သားများ​အနက် ကျွန်ုပ်​သည် အဆိုးဆုံး​ဖြစ်၏။


ခရစ်တော်​ကို ဆက်​၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်​စွာ နေလော့။ အချို့သော​သူတို့​သည် မိမိတို့​၏​အသိတရား​ကို လျစ်လျူရှုခြင်း​ဖြင့် သူတို့​၏ ယုံကြည်ခြင်း​သည် သင်္ဘောပျက်​သဖွယ် ဖြစ်လာ၏။


ဤ​စကား​သည် အပြည့်အဝ​လက်ခံထိုက်သည့် မှန်သော​စကား ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ မှန်ကန်သော​စကား​ကိုလည်းကောင်း၊ မှန်ကန်သော​အယူဝါဒ​တို့ကို​လည်းကောင်း ဆန့်ကျင်သည့် အခြား​အယူဝါဒများ​ကို သွန်သင်သောသူ​သည် ဘဝင်မြင့်​၍


ကျွန်ုပ်​ထံမှ ကြားရသည့် မှန်ကန်သော​တရားစကား​ကို စံနမူနာ​အဖြစ် ခံယူ​၍ ခရစ်တော်​ကို ဆက်လက်​ယုံကြည်​လျက် လူတို့​ကို ချစ်လော့။ ဤသို့ သင်​လုပ်ဆောင်နိုင်သည်​မှာ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိသောကြောင့်​ဖြစ်၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။


သို့သော်လည်း မိမိ​သင်ယူပြီး ခိုင်မြဲ​စွာ ယုံကြည်သော​အရာများ​ကို ဆက်လက်​၍ ယုံကြည်လော့။ ထို​အရာတို့​ကို မည်သူ့​ထံမှ သင်ယူခဲ့သည်​ကို သင်​သိ၏။


အနာဂတ်​တွင် လူတို့​သည် မှန်ကန်သော​အယူဝါဒ​ကို သည်းမခံနိုင်တော့ဘဲ မိမိတို့​အလို​ကို လိုက်​၍ မိမိတို့​၏​ယားသော​နား​က ကြားလိုသော​အရာများ​ကို ဟောပြောသည့်​ဆရာများ​နောက်သို့ လိုက်ကြ​လိမ့်မည်။


ထို​သူတို့​ကို နှုတ်ဆိတ်​စေရမည်။ သူတို့​သည် မသမာနည်း​ဖြင့် ငွေရှာ​လို​သောကြောင့် မသွန်သင်​သင့်သော အရာများ​ကို သွန်သင်​လျက် အချို့​မိသားစုများ​၏ ယုံကြည်ခြင်း​ကို ပျက်စီးစေကြ၏။


သင်​သည် မှန်ကန်သော​အယူဝါဒ​နှင့် ကိုက်ညီသည့်​အရာများ​ကို သွန်သင်​ရမည်။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


ငါ​လာသည့်​တိုင်အောင် သင်​၌​ရှိသော​အရာ​ကို စွဲကိုင်ထားလော့။


ငါ​သည် မကြာမီ​လာမည်။ သင်​၏​သရဖူကို မည်သူမျှ မလုယူ​စေရန် သင်​၌​ရှိသော​ယုံကြည်ခြင်း​ကို စွဲကိုင်ထားလော့။


ထို့ကြောင့် သင်​သည် ကြားနာ​၍ ခံယူပြီးသော​အရာ​ကို သတိရ​လျက် လိုက်နာလော့။ နောင်တရလော့။ သင်​မနိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ​လာမည်။ မည်သည့်​အချိန်​၌ လာမည်​ကို သင်​သိရမည်​မဟုတ်။