၁ တိ 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 “ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ခ ရစ် တော် ယေ ရှု သည် အ ပြစ် သား တို့ ကို ကယ် တင် ခြင်း ငှါ ဤ လော က သို့ ကြွ လာ တော် မူ သည် ဟူ သော စ ကား မှာ သ စ္စာ တည် ရာ၊ အ ကြွင်း မဲ့ ခံ ယူ ထိုက် ရာ စ ကား တည်း။ ထို အ ပြစ် သား တို့ တွင် ငါ သည် လွန် ကဲ သူ ဖြစ် ပေ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ခရစ်တော်ယေရှုသည် အပြစ်သားတို့ကိုကယ်တင်ရန် ဤလောကသို့ကြွလာတော်မူ၏ဟူသောစကားသည် သစ္စာစကားဖြစ်ပြီး အပြည့်အဝလက်ခံထိုက်သောစကားဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။