တိတု 1:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible9 သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible9 ကျန်း ခံ့ ရေး ဒေ သ နာ ဖြင့် နှိုး ဆော် သည် သာ မ က ငြင်း ဆန် သူ တို့ ကို ဆုံး မ နိုင် ရန် သ စ္စာ တည် ရာ ဒေ သ နာ တ ရား ကို စွဲ မြဲ သူ ဖြစ် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible9 စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာလည်းကောင်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှာလည်းကောင်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။