Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ မှန်ကန်သော​စကား​ကိုလည်းကောင်း၊ မှန်ကန်သော​အယူဝါဒ​တို့ကို​လည်းကောင်း ဆန့်ကျင်သည့် အခြား​အယူဝါဒများ​ကို သွန်သင်သောသူ​သည် ဘဝင်မြင့်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 မည် သူ မ ဆို ခြား နား သော ဒေ သ နာ ကို သင် ကြား လျက်၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဟော တော် မူ သော ကျန်း ခံ့ ရေး တ ရား ကို လည်း ကောင်း၊ ဘု ရား တ ရား ကြည် ညို ခြင်း နှင့် ညီ လျော် သော ဒေ သ နာ တော် ကိုလည်း ကောင်း သ ဘော မ ကျ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:3
19 ပူးပေါင်းရင်းမြစ်များ  

သူတို့​က “ဆီဇာဘုရင်​၏ ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှု​က “သို့ဖြစ်လျှင် ဆီဇာဘုရင်​နှင့်​ဆိုင်သော​အရာများ​ကို ဆီဇာဘုရင်​အား ပေးဆောင်ကြလော့။ ဘုရားသခင်​နှင့်​ဆိုင်သော​အရာများ​ကို ဘုရားသခင်​အား ပေးဆောင်ကြလော့” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


ထို့ကြောင့် ဤ​ညွှန်ကြားချက်များ​ကို ငြင်းပယ်သော သူတို့​သည် လူ​ကို ငြင်းပယ်သည်​မဟုတ်ဘဲ သင်တို့​အတွက် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပေးတော်မူသော ဘုရားသခင်​ကို ငြင်းပယ်၏။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


လူ​တချို့​သည် ထို​အခြေခံ​စိတ်သဘောတို့​မှ သွေဖည်သွား​ကာ အနှစ်သာရ​မဲ့သော စကားများ​ကိုသာ ပြောဆိုလာကြ၏။


ကျွန်ုပ်​ထံမှ ကြားရသည့် မှန်ကန်သော​တရားစကား​ကို စံနမူနာ​အဖြစ် ခံယူ​၍ ခရစ်တော်​ကို ဆက်လက်​ယုံကြည်​လျက် လူတို့​ကို ချစ်လော့။ ဤသို့ သင်​လုပ်ဆောင်နိုင်သည်​မှာ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိသောကြောင့်​ဖြစ်၏။


အနာဂတ်​တွင် လူတို့​သည် မှန်ကန်သော​အယူဝါဒ​ကို သည်းမခံနိုင်တော့ဘဲ မိမိတို့​အလို​ကို လိုက်​၍ မိမိတို့​၏​ယားသော​နား​က ကြားလိုသော​အရာများ​ကို ဟောပြောသည့်​ဆရာများ​နောက်သို့ လိုက်ကြ​လိမ့်မည်။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ