Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 14:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သို့သော် သင်တို့​ရှိသမျှ​သည် ပရောဖက်ပြု​ဟောပြောနေကြ​စဉ် အကျွမ်းတဝင်​မရှိသေးသော​သူများ​နှင့် မယုံကြည်သူများ ဝင်လာ​လျှင် သင်တို့​၏​ဟောပြောချက်​အားဖြင့် သူတို့​က မိမိတို့​သည် အပြစ်ရှိသူများ​ဖြစ်ကြောင်း​နှင့် စစ်ဆေး​စီရင်ခြင်း​ကို ခံရမည်​ဖြစ်ကြောင်း သိမြင်လာကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ရှိ သ မျှ သည် ဟော ပြော လျက် နေ ကြ ရာ မ ယုံ ကြည် သူ သော် လည်း ကောင်း၊ မ သိ သူ သော် လည်း ကောင်း ဝင် မိ လျှင် ရှိ သ မျှ တို့ ကြောင့် အ ပြစ် ပေါ် ရာ၊ စီ ရင် ရာ ရောက် သည့် အ လျောက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သို့​မ​ဟုတ် သင်း​ဝင်​သူ အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ပြု၍ နေ​ကြ​စဉ်​တွင်၊ မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍ သူ့​ကို စစ်​ကြော​စီ​ရင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သို့သော် အားလုံး​သည် ပရောဖက်ပြု​ဟောပြော​ကြ​စဉ် မ​ယုံကြည်​သူ​၊ သို့မဟုတ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်စုံတစ်ဦး​ဝင်လာ​လျှင် သူ​သည် သင်​တို့​အားလုံး​ကြောင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​၍ သင်​တို့​အားလုံး​၏​စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:24
8 ပူးပေါင်းရင်းမြစ်များ  

ဝိညာဉ်တော်​ကို ရရှိထားသောသူ​သည် အရာ​အားလုံး​ကို ပိုင်းခြားသိမြင်​နိုင်၏။ သို့သော် ထို​သူ​ကို မည်သူမျှ ပိုင်းခြား​၍ မသိမြင်နိုင်ပေ။


သူတို့​သည် ထို​ဟောပြောချက်​ကို ကြား​သောအခါ စိတ်နှလုံး​ကြေကွဲ​၍ ပေတရု​နှင့် အခြား​တမန်တော်များ​အား “ညီအစ်ကိုတို့… ကျွန်ုပ်တို့​မည်သို့​ပြုရမည်နည်း” ဟု မေးမြန်းကြ၏။


“ကျွန်မ​ပြုခဲ့သမျှ​ကို အကုန်အစင်​ဖော်ပြနိုင်သော​သူ​ကို လာကြည့်ကြပါ။ သူ​သည် ခရစ်တော်​ဖြစ်မည်လော” ဟု လူတို့​အား ပြောလေ၏။


ထို​အရှင်​ကြွလာ​သောအခါ လောကီသားတို့​အား အပြစ်​ကို​လည်းကောင်း၊ ဖြောင့်မတ်ခြင်း​ကို​လည်းကောင်း၊ တရားစီရင်ခြင်း​ကို​လည်းကောင်း ရှင်းလင်း​စွာ ဖော်ပြတော်မူ​လိမ့်မည်။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


အဘယ်ကြောင့်ဆိုသော် သင်​သည် စိတ်ဝိညာဉ်​နှင့် ဘုရားသခင်​ကို ချီးမွမ်း​လျှင် အကျွမ်းတဝင်​မရှိသေးသော​လူတစ်ယောက်​သည် သင်​ပြောနေသော​စကား​ကို နားမလည်​သောကြောင့် ဘုရားသခင်​အား သင်​ကျေးဇူးတင်သည်​ကို အာမင်​ဟု မည်သို့ ဝန်ခံ​ပြောဆို​နိုင်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ