ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ဂလာတိ 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။ Common Language Bible ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။- Garrad Bible ညီ အ ကို တို့ တ ဦး ဦး လွန် ကျူး စဉ် ပင် တွေ့ မိ လျင် ဝိ ညာဉ် သက် ဝင် သော သင် တို့ သည် စုံ စမ်း မ ခံ မိ စေ ရန် ကိုယ် ကို သ တိ မူ လျက် သိမ် မွေ့ သော စိတ် နှင့် ပဲ့ ပြင် က ရ လော့။ Judson Bible ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏နေရာ၌ တည်မြဲ တည်စေပြန်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။ |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးရရှိသူဖြစ်သည်ဟု ယူဆလျှင် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သော အကြောင်းအရာတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း သိမှတ်ရမည်။
ဝိညာဉ်တော်ကို ရရှိထားသောသူသည် အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်၏။ သို့သော် ထိုသူကို မည်သူမျှ ပိုင်းခြား၍ မသိမြင်နိုင်ပေ။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် အမှန်တကယ်မေတ္တာထားကြောင်းကို ရှင်းလင်းစွာ ပြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း စသည်တို့ဖြစ်၏။ ဤအရာများပြုမူခြင်းကို တားမြစ်သော ပညတ်တရားဟူ၍ မရှိပေ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
သို့သော်လည်း ထိုသူကို ရန်သူအဖြစ် သဘောမထားဘဲ ယုံကြည်သူချင်း ကဲ့သို့ သတိပေးကြလော့။
ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။
ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။
သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ပညာမှလာသော နူးညံ့သိမ်မွေ့မှုဖြင့် လုပ်ဆောင်သည့် အကျင့်အားဖြင့် ကောင်းသောပြုမူနေထိုင်ပုံဖြင့် သက်သေပြစေ။
ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။
ခရစ်တော်ကို သင်တို့၏ စိတ်နှလုံးထဲ၌ သခင်အဖြစ် ရိုသေကိုင်းရှိုင်းကြလော့။ တစ်စုံတစ်ယောက်သည် သင်တို့၏မျှော်လင့်ခြင်းနှင့်ပတ်သက်၍ မေးမြန်းလျှင် ထိုသူအား ရှင်းလင်းဖြေဆိုရန် အမြဲအသင့်ရှိကြလော့။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။