Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:75 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

75 ထိုအခါ ပေတရု​သည် “ကြက်မတွန်​မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟူသော ယေရှု​မိန့်တော်မူခဲ့သည့် စကား​ကို သတိရ​သဖြင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

75 ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

75 ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် ငြင်း ဆို လိမ့် မည် ဟု ယေ ရှု မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင် သည်း စွာ ငို ကြွေး လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

75 ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

75 ထိုအခါ ပေတရု​သည်“ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

75 ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:75
11 ပူးပေါင်းရင်းမြစ်များ  

သို့သော် လူတို့​ရှေ့တွင် ငါ့​ကို ငြင်းပယ်သော​သူ​အား ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ငါ​သည် ငြင်းပယ်မည်။


ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့​ည​၌ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


ပေတရု​ကလည်း “ထို​သူ​ကို ငါ​မသိပါ” ဟု တိုင်တည်​၍ ကျိန်ဆိုလေ၏။ ထို​ခဏချင်း​တွင် ကြက်တွန်လေ၏။


ယေရှု​က “ငါ့​အတွက် အသက်​စွန့်မည်လော။ သင့်​အား ငါ​အမှန်​ဆို၏။ ကြက်​မတွန်မီ သင်​သည် ငါ့​ကို မသိ​ဟု သုံးကြိမ်​တိုင်အောင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​သည် အပြစ်​ပြုမိ​လျှင် ဝိညာဉ်တော်​၏ လမ်းပြခြင်း​ခံရသော သင်တို့​က နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်ပေး​ရမည်။ သင်တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ရာသို့ မလိုက်ပါမိ​စေရန် သတိပြုကြလော့။


သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​သောကြောင့် နောက်ဆုံးသော​ကာလ​၌ ပေါ်လွင်ထင်ရှား​ရန် အသင့်​ရှိသော ကယ်တင်ခြင်း​ကို ရရှိခံစား​နိုင်မည့်​အချိန်​တိုင်အောင် ဘုရားသခင်​သည် မိမိ​၏​တန်ခိုးတော်​ဖြင့် သင်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ