၁ ကော 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ဝိညာဉ်တော်ကို ရရှိထားသောသူသည် အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်၏။ သို့သော် ထိုသူကို မည်သူမျှ ပိုင်းခြား၍ မသိမြင်နိုင်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible15 ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။- အခန်းကိုကြည့်ပါ။Garrad Bible15 ဝိ ညာဉ် သက် ဝင် သူ မူ ကား အ ရာ ရာ ကို စီ စစ် သိ မြင် လျက် မည် သူ့ ထံ မျှ အ စီ အ စစ် မ ခံ ရာ။ အခန်းကိုကြည့်ပါ။Judson Bible15 ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍ မသိနိုင်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ဝိညာဉ်သဘောရှိသောသူမူကား ခပ်သိမ်းသောအရာတို့ကို ပိုင်းခြား၍သိတတ်၏။ သို့သော် ထိုသူကို မည်သူကမျှ ပိုင်းခြား၍မသိနိုင်။ အခန်းကိုကြည့်ပါ။ |
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။