လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဂလာတိ 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ ပညတ်တရား၏ လက်အောက်ခံဖြစ်သော ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၍ ကျွန်ုပ်တို့အား သားသမီးဖြစ်ခွင့်ကို ရရှိစေရန်ဖြစ်၏။ Judson Bible ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်းကြပါစေသော။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိလူမျိုးထံသို့ကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်တော်မူခဲ့သောကြောင့် ဖြစ်၏။
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ခရစ်တော်သည် ပညတ်တရားကို အဆုံးသတ်စေတော်မူပြီဖြစ်သောကြောင့် ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။
ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်လမ်းပြမှုကို ခံယူသောသူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။
သို့ဖြစ်၍ သင်တို့သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်ကြပြီ။ သားဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့အား အမွေခံဖြစ်စေတော်မူ၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ထိုတစ်သိန်းလေးသောင်းလေးထောင်သောသူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ရှေ့၌ သီချင်းသစ်ကို သီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ကယ်တင်ခံရသူ တစ်သိန်းလေးသောင်းလေးထောင်မှလွဲ၍ ထိုသီချင်းကို မည်သူမျှ မသီဆိုနိုင်။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။