Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 10:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ခရစ်တော်​သည် ပညတ်တရား​ကို အဆုံးသတ်​စေတော်မူပြီ​ဖြစ်​သောကြောင့် ယုံကြည်သော​သူတို့​သည် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ သို့ ဆို သော် ခ ရစ် တော် သည် ယုံ ကြည် သူ တိုင်း ဖြောင့် မတ် ခြင်း အ လို့ ငှါ ပ ညတ် တ ရား၏ အ န္တိ မ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ခရစ်တော်​သည် ယုံကြည်​သော​သူ​တိုင်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် ပညတ်​တရား​၏​အဆုံးသတ်​ရာ​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 10:4
18 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဘုရားသခင်​အလိုတော်​ရှိသော အရာ​အားလုံး​ကို လုပ်ဆောင်ကြရမည်​ဖြစ်​သောကြောင့် ယခု ငါ့​ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်​သည် ယေရှု​အား နှစ်ခြင်းမင်္ဂလာ​ပေး​ရန် သဘောတူလေ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ပညတ်တရား​ကို မောရှေ​အားဖြင့် ပေးတော်မူ​သောကြောင့်​ဖြစ်၏။ သို့သော် ကျေးဇူးတရား​နှင့် သစ္စာတရား​ကို ယေရှု​ခရစ်တော်​အားဖြင့် ပေးတော်မူ၏။


ထို​နည်းလမ်း​မှာ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရသည့်​နည်းလမ်း​ဖြစ်၏။ ခွဲခြားထားခြင်း​မရှိဘဲ ယုံကြည်သော​သူတိုင်း​အတွက်​ဖြစ်၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရ​ရန် ပညတ်တရား​မှာ ခရစ်တော်​ကြွလာချိန်​ထိ ကျွန်ုပ်တို့​၏ အုပ်ထိန်းသူ​ဖြစ်၏။


ဤသည်​မှာ ပညတ်တရား​၏ လက်အောက်ခံ​ဖြစ်သော ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ​၍ ကျွန်ုပ်တို့​အား သားသမီး​ဖြစ်ခွင့်​ကို ရရှိ​စေရန်​ဖြစ်၏။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​၍ ပြည့်စုံသော​အနေအထား​သို့ ရောက်လာကြ​သောကြောင့် ဖြစ်၏။ ထို​ခရစ်တော်​သည် အုပ်စိုးမှု​နှင့် အာဏာစက်​အပေါင်းတို့​ကို အစိုးရတော်မူ၏။


၎င်းတို့​သည် နောင်​ဖြစ်လာမည့်​အရာများ​၏ အရိပ်​သာ ဖြစ်၏။ အကောင်အထည်​အစစ်အမှန်​ကမူ ခရစ်တော်​ပင် ဖြစ်၏။


ကိုယ်တော်​သည် စင်ကြယ်စေခြင်း​ခံရသော​သူတို့​အား တစ်ခုတည်းသော ပူဇော်စရာ​ဖြင့် ထာဝရ​ပြီးပြည့်စုံ​စေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ