ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
ယုဒ 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။ Common Language Bible ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။- Garrad Bible ချစ် သူ တို့၊ ငါ တို့ ဆက် ဆံ ကြ သော ကယ် တင် တော် မူ ခြင်း အ ကြောင်း သင် တို့ ထံ ရေး လိုက် ရန် စေ တ နာ ရှိ သော် သီး သန့် ထား တော် မူ သူ တို့ အား အ ပြီး သတ် လွှဲ အပ် တော် မူ ခဲ့ သည့် ယုံ ကြည် ခြင်း တ ရား တော် အ ဖို့ လုံ့ လ ထုတ် ကြ အံ့ သော ငှာ နှိုး ဆော် စာ ငါ ရေး လိုက်၏။ Judson Bible ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်း ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။ |
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ကျမ်းစာအားဖြင့် ထောက်ပြလျက် လူထုပရိသတ်ရှေ့၌ ဂျူးတို့ကို အခိုင်အမာချေပပြောဆိုနိုင်သောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ပေးတော်မူသော ဤကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ထံသို့ ပို့တော်မူပြီဖြစ်၍ သူတို့သည် ထိုတရားကို လက်ခံယုံကြည်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့” ဟု ဆို၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အောက်တွင် ထိုအရှင်၏အမည်နာမမှတစ်ပါး ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောအခြားအမည်နာမ မရှိပါ” ဟု ဖြေဆိုလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။
ရှောလုသည်လည်း ပိုမို၍ စိတ်အားထက်သန်လာကာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူခြင်းအားဖြင့် ဒမတ်စကပ်မြို့ရှိ ဂျူးလူမျိုးများအား အံ့ဩတွေဝေစေ၏။
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
သို့သော် စစ်မှန်သောသတင်းကောင်းသည် သင်တို့ထံ၌ ဆက်၍ တည်နိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သောသတင်းကောင်းကို သင်တို့အတွက် ဆက်၍ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
သင်တို့ထံသို့ မည်မျှလောက်ကြီးသော စာလုံးများကို ကျွန်ုပ်လက်ဖြင့် ရေးလိုက်သည်ကို ကြည့်ကြလော့။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်သော ကောလောသဲမြို့သား ယုံကြည်သူများထံသို့ ပို့လိုက်သောစာ ဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်နှင့် ယုံကြည်ချက်တူညီ၍ ကျွန်ုပ်၏ သား အရင်းအချာကဲ့သို့ ဖြစ်သော တိတုထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကယ်တင်ရှင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
ချစ်ရသောသူတို့… ဤသို့ ကျွန်ုပ်တို့ပြောဆိုသော်လည်း သင်တို့မှာမူ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ပို၍ကောင်းသောအရာများ ရှိကြသည်ကို ကျွန်ုပ်တို့အခိုင်အမာယုံကြည်ကြ၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ဖြောင့်မတ်ခြင်းတရား လမ်းကို သိပြီးနောက် မိမိတို့အား ပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို စွန့်ပစ်သည်ထက် ထိုတရားလမ်းကို မသိခဲ့ခြင်းက သူတို့အတွက် ပို၍ကောင်း၏။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။