Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယု​ဒ 1:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​၏ တမန်တော်များ ကြိုတင်​ဟောပြောခဲ့သော​စကားများ​ကို သတိရကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​များ​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-18 ချစ် သား ဖြစ် သော သင် တို့ မူ ကား အ န္တိ မ ကာ လ တွင် ကိုယ် မ တ ရား သော၊ တပ် မက် ခြင်း များ ကို လိုက် စား သော လူ သ ရော် တို့ ပေါ် လာ မည် ဟု ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ တ မန် တော် တို့ အ ထက် ဟော ပြော သော စ ကား များ ကို သ တိ ရ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17-18 ချစ်​သူ​တို့၊ နောက်​ဆုံး​သော​ကာ​လ၌၊ မိ​မိ​တို့​မ​တ​ရား​သော တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည် ပေါ်​ကြ​လိမ့်​မည်​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​တို့​သည် ဟော​ပြော​နှင့်​သော စ​ကား​များ​ကို အောက်​မေ့​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တမန်တော်​များ ကြိုတင်​ပြော​ထား​ခဲ့​သော​စကား​တို့​ကို သတိရ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:17
8 ပူးပေါင်းရင်းမြစ်များ  

ဤ​အရာ​အားလုံးတို့​တွင် အလုပ်​ကို ကြိုးစား​လုပ်ဆောင်ခြင်း​အားဖြင့် ဆင်းရဲသားများ​အား မစထောက်ပံ့​ရမည်​ကို ကျွန်ုပ်​ပြသခဲ့၏။ ထို့ကြောင့် သခင်​ယေရှု​ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်း​သည် ရယူခြင်း​ထက် ပို၍​မင်္ဂလာရှိ၏’ ဟူသော စကားတော်​ကို သတိရကြလော့” ဟု ဆိုလေ၏။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


ခရစ်တော်​သည် တချို့​ကို တမန်တော်​အဖြစ်​လည်းကောင်း၊ တချို့​ကို ပရောဖက်​အဖြစ်​လည်းကောင်း တချို့​ကို သတင်းကောင်း​ဟောပြောသူ​အဖြစ်​လည်းကောင်း၊ တချို့​ကို သင်းအုပ်ဆရာ​နှင့် ဆရာ​အဖြစ်​လည်းကောင်း ခန့်ထားတော်မူ၏။


ဤမျှ​ထူးမြတ်သည့်​ကယ်တင်ခြင်း​တရား​ကို ကျွန်ုပ်တို့ လျစ်လျူရှု​ပါက အပြစ်ဒဏ်​မှ မည်သို့​လွတ်မြောက်​နိုင်ကြမည်နည်း။ ဤ​ကယ်တင်ခြင်း​တရား​ကို သခင်ဘုရား​ကိုယ်တိုင် ဦးစွာ ဟောတော်မူ​ပြီးနောက် ကြားနာသူများ​က ကျွန်ုပ်တို့​အား ထို​တရားတော်​မှန်ကန်ကြောင်း အတည်ပြု​ပေးခဲ့ကြ၏။


သန့်ရှင်းသော​ပရောဖက်များ ယခင်​က ဟောပြောခဲ့သော​စကားများ​နှင့် သင်တို့​၏ တမန်တော်များ​အားဖြင့် ကျွန်ုပ်တို့​၏​သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော​အရှင်​၏ ပညတ်တော်တို့​ကို သင်တို့​အား သတိရ​စေလို၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြ၏။ ဘုရားသခင်​ကို သိသောသူ​တိုင်း​သည် ကျွန်ုပ်တို့​စကား​ကို နားထောင်တတ်၏။ ဘုရားသခင်​၏​သားသမီး မဟုတ်သောသူ​သည် ကျွန်ုပ်တို့​စကား​ကို နားမထောင်တတ်။ ဤ​သည်​မှာ ကျွန်ုပ်တို့​သည် သမ္မာတရား​၏​ဝိညာဉ်တော်​နှင့် မိစ္ဆာ​ဝိညာဉ်​ကို ခွဲခြား​၍ သိရခြင်း​ဖြစ်၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ