ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ကောလောသဲ 1:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။ Common Language Bible ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။- Judson Bible တစ်ပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှာ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။ |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ကြည့်လော့။ ‘ဤနေရာ၌ တည်သည်။ ထိုနေရာ၌ တည်သည်’ ဟူ၍လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ တည်လျက်ရှိသည်” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် သမ္မာတရားကို ဖော်ပြသည့်သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့သည် ထိုဝိညာဉ်တော်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် မခံယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေသည်သာမက သင်တို့အထဲ၌ ရှိနေမည်ဖြစ်သောကြောင့် ထိုအရှင်ကို သင်တို့သိကြ၏။
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။
ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင် သင်တို့၏ ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေရသော်လည်း သင်တို့၏ ဝိညာဉ်မှာမူ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် အသက်ရှင်ရ၏။ အကြောင်းမှာ သင်တို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ဖြစ်၏။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ကျွန်ုပ်ချစ်သော သားသမီးတို့… သင်တို့သည် ခရစ်တော်ကဲ့သို့ ဖြစ်မလာမီ အချိန်ထိ ကျွန်ုပ်သည် သင်တို့အတွက် သားဖွားသည့် ဝေဒနာကို ခံစားရသကဲ့သို့ ပြန်၍ ခံစားလျက် နေရ၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏ ဘုန်းကြီးသောကြွယ်ဝမှုအတိုင်း ယေရှုခရစ်တော် ပြုတော်မူသောအမှုကြောင့် သင်တို့လိုအပ်သမျှသောအရာတို့ကို သင်တို့အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
ထိုခရစ်တော်ထံ၌ ဉာဏ်ပညာနှင့် အသိပညာတို့သည် ရတနာသိုက်သဖွယ် ဖုံးကွယ်လျက် ရှိကြ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ရာအရှင် ယေရှုခရစ်တော်တို့၏ အမိန့်တော်အတိုင်း ထိုယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။