ကောလောသဲ 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။ အခန်းကိုကြည့်ပါ။ |
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။