Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကျွန်ုပ်တို့ ခဏတာ​ခံရသည့် ပေါ့ပါးသော​ဆင်းရဲဒုက္ခ​သည် ကျွန်ုပ်တို့​အတွက် အလွန်​ထူးမြတ်သော ထာဝရ​ဘုန်းအသရေ​ကို ဖြစ်ပွားစေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-18 အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17-18 အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:17
33 ပူးပေါင်းရင်းမြစ်များ  

ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။


ထိုသို့​ဖြစ်ပေါ်​သော​နေ့ရက် ရောက်သော​အခါ ဝမ်းမြောက်​၍ ရွှင်လန်း​စွာ ကခုန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​တွင်​ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို မတရား​ပြုကျင့်သော ထို​သူတို့​၏​ဘိုးဘေးများ​သည်လည်း ပရောဖက်တို့​ကို ထို​နည်းတူ​ပြုကြ၏။


သို့သော် ကျွန်ုပ်​သည် အကျဉ်းချ​ခံရ​၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်​ဖြစ်ကြောင်း သန့်ရှင်းသော​ဝိညာဉ်တော်​သည် မြို့တိုင်း​တွင် သက်သေခံ​ဖော်ပြတော်မူ၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


လက်ရှိ​အချိန်ကာလ​၌ ကျွန်ုပ်တို့​ခံရသော​ဒုက္ခ​သည် နောင်​တွင် ထင်ရှားမည့် ဘုန်းအသရေ​နှင့် ယှဉ်​လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်​မှတ်ယူ၏။


သို့ဖြစ်၍ မည်သူ​သည် ကျွန်ုပ်တို့​ကို အပြစ်​စီရင်မည်နည်း။ ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် အသေခံတော်မူသည်​သာမက ရှင်ပြန်​ထမြောက်တော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကျွန်ုပ်တို့​အတွက် ကြားဝင်​အသနားခံတော်မူ၏။


မကွဲကွာစေသည်​သာမက ထို​အခက်အခဲများ​ကြားမှ​ပင် ကျွန်ုပ်တို့​ကို ချစ်တော်မူသော​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​သည် အထူး​အောင်မြင်ကြ၏။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏ ဆုတောင်းခြင်း​နှင့် ယေရှု​ခရစ်တော်​၏ ဝိညာဉ်တော်​ကူညီမစခြင်းတို့​ဖြင့် ဤ​အခြေအနေ​မှ ကျွန်ုပ်​လွတ်မြောက်မည်​ကို သိ​သောကြောင့် ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


ဘုရားသခင်​သည် တရားမျှတ​စွာ စီရင်တော်မူသည်​နှင့်အညီ သင်တို့​ကို ဆင်းရဲ​ဒုက္ခရောက်စေသော​သူတို့​ကို တန်ပြန် ဆင်းရဲ​ဒုက္ခရောက်စေတော်မူ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ