Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ဘုရားသခင်​၏ ဉာဏ်တော်​နှင့် အသိပညာတို့​သည် အလွန်​နက်နဲ​လှ၏။ ဘုရားသခင်​၏ ဆုံးဖြတ်တော်မူချက်​နှင့် နည်းလမ်းတော်တို့​ကို မည်သူ​နားလည်​နိုင်သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဘုရားသခင်​၏​အသိပညာ​နှင့်​ဉာဏ်ပညာ​တော်​တို့​၏​ကြွယ်ဝ​မှု​သည် နက်နဲ​လှ​ပါတကား။ စီရင်​တော်မူ​ချက်​တို့​ကို စူးစမ်း​လေ့လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:33
38 ပူးပေါင်းရင်းမြစ်များ  

သို့မဟုတ် ဘုရားသခင်​၏ ကြင်နာခြင်း​သည် သင့်​ကို နောင်တရ​စေရန်​ဖြစ်သည်​ကို နားမလည်ဘဲ ကိုယ်တော်​၏ ကြွယ်ဝသော​ကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်း​နှင့် သည်းခံခြင်းတို့​ကို သင်​သည် မထီမဲ့မြင်​ပြုသလော။


ဤသို့​ပြုတော်မူခြင်း​မှာ ဘုရားသခင်​သည် မိမိ​ဘုန်းတော်​၏​ကြွယ်ဝခြင်း​ကို မိမိ​ကရုဏာ​ထားတော်မူသော​သူတို့ သိ​စေရန် ဖြစ်၏။ ထို​သူတို့​မှာ ဘုန်းတော်​အတွက် ကြိုတင်​ပြင်ဆင်ထားခြင်း​ခံရသော​သူများ ဖြစ်ကြ၏။


သို့သော် ဘုရားသခင်​သည် ဤ​အရာများ​ကို ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်​သည် အရာ​အားလုံး​ကို ဆန်းစစ်​၍ ဘုရားသခင်​၏ နက်နဲသော​လျှို့ဝှက်ချက်များ​ကိုပင် ကျွန်ုပ်တို့​အား ဖော်ပြပေးတော်မူ၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ဤသည်​မှာ ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အပေါ် ကျေးဇူးပြု​၍ သာလွန်ထူးကဲသော ကျေးဇူးတော်​၏​ကြွယ်ဝခြင်း​ကို အနာဂတ်​အစဉ်အဆက်​တွင် ဖော်ပြ​ရန် ဖြစ်၏။


ဤသို့​ပြုခြင်း​သည် ကောင်းကင်​အရပ်​ရှိ အုပ်ချုပ်သူများ​နှင့် အာဏာရှိသူများ​က အဘက်ဘက်​၌ ပြည့်စုံသော ဘုရားသခင်​၏ ပညာတော်​ကို အသင်းတော်​မှတစ်ဆင့် သိမြင်လာကြ​စေရန် ဖြစ်၏။


ဘုရားသခင်​၏ ဘုန်းတော် ကြွယ်ဝသည်​နှင့်အညီ သင်တို့​၏ အတွင်း​စိတ်​ကို ဝိညာဉ်တော်​မှတစ်ဆင့် တန်ခိုးတော်​ဖြင့် ကြံ့ခိုင်​သန်မာ​စေတော်မူ​ရန် ဆုတောင်း၏။


ထို​မေတ္တာတော်​၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်​ကို ယုံကြည်သူ​အားလုံး​နှင့်အတူ နားလည်​သဘောပေါက်​နိုင်စွမ်း ရှိ​ရန် ကျွန်ုပ်​ဆုတောင်း၏။ ခရစ်တော်​၏​မေတ္တာတော်​သည် ကြီးမားလှ​သဖြင့် မည်သည့်​အခါမျှ သင်တို့ အပြည့်အဝ နားလည်​နိုင်မည် မဟုတ်​သော်လည်း ထို​မေတ္တာတော်​ကို သင်တို့ သိရှိခံစား​၍ ဘုရားသခင်​၏ ပြည့်စုံတော်မူခြင်း​အပေါင်းတို့​ဖြင့် ပြည့်ဝလာကြ​ရန် ကျွန်ုပ် ဆုတောင်း၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ