Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 လူအပေါင်းတို့​သည် မနာခံကြ​သောကြောင့် ပြစ်ဒဏ်​ခံထိုက်​ကြောင်း ဘုရားသခင်​ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်း​မှာ လူအပေါင်းတို့​အပေါ် ကရုဏာ​ထားလို​သောကြောင့်​ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 အ သို့ ဆို သော် ဘု ရား သ ခင် သည် သူ ခပ် သိမ်း တို့ အ ပေါ် တွင် က ရု ဏာ သက် တော် မူ အံ သော ငှါ သူ ခပ် သိမ်း တို့ ကို နား မ ထောင် ခြင်း၌ အ ကျဉ်း ချ ထား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​ကို သ​နား​တော်​မူ​ခြင်း အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လူ​အ​ပေါင်း​တို့​ကို နား​မ​ထောင်​ခြင်း​အ​ဖြစ်၌ ချုပ်​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဘုရားသခင်​သည် လူ​အပေါင်း​တို့​အပေါ်​ကရုဏာ​ထား​တော်မူ​ရန် လူ​အပေါင်း​တို့​ကို မ​နာခံ​မှု​အဖြစ်​၌​ချုပ်​ထား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:32
9 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အလင်းရှင်​အကြောင်း​ကို သက်သေခံ​ရန် လာ၏။ ဤသို့ သက်သေခံခြင်း​မှာ လူအပေါင်းတို့​သည် ထို​အလင်းရှင်​ကို ယုံကြည်လာ​စေရန်​ဖြစ်၏။


ငါ​သည်လည်း မြေ​မှ မြှောက်ထားခြင်း​ခံရ​သောအခါ လူအပေါင်းတို့​ကို ငါ့​ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။


ယခုအခါ သူတို့​သည် မနာခံသော​သူများ​ဖြစ်ကာ ဘုရားသခင်​၏​သနားကြင်နာခြင်း​သည် သင်တို့​ထံ ရောက်လာခြင်း​အားဖြင့် သူတို့​သည်လည်း ထို​သနားကြင်နာခြင်း​ကို မျှဝေ​ခံယူကြ​ရန် ဖြစ်၏။


ထို​နည်းလမ်း​မှာ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရသည့်​နည်းလမ်း​ဖြစ်၏။ ခွဲခြားထားခြင်း​မရှိဘဲ ယုံကြည်သော​သူတိုင်း​အတွက်​ဖြစ်၏။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​ဂျူးလူမျိုး​သည် အခြား​လူမျိုးတို့​ထက် သာလွန်​ကောင်းမွန်သည်​ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုး​ဖြစ်စေ လူမျိုးခြား​ဖြစ်စေ လူအပေါင်းတို့​သည် အပြစ်တရား​လက်အောက်​၌​ရှိကြောင်း​ကို အထက်က ကျွန်ုပ်​ဖော်ပြခဲ့ပြီး​ဖြစ်၏။


လူတစ်ဦး​၏ မနာခံခြင်း​ကြောင့် လူများစွာတို့​သည် အပြစ်သားများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ​သကဲ့သို့ လူတစ်ဦး​၏ နာခံခြင်း​ကြောင့် လူများစွာတို့​သည် ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ၏။


သို့သော် လူ​အပေါင်းတို့​သည် အပြစ်​၏ ချုပ်နှောင်မှု​အောက်၌ ကျရောက်​လျက်​ရှိကြောင်း ကျမ်းစာ​တွင် ဖော်ပြထား၏။ ဤသည်​မှာ ဘုရားသခင်​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်သောသူတို့​အား မိမိ​ကတိထားတော်မူသည့် ကောင်းချီး​မင်္ဂလာ​ကို ပေးသနားတော်မူ​ရန် ဖြစ်၏။


ယုံကြည်ခြင်း​တရား မရှိ​မီ​အချိန်​က ကျွန်ုပ်တို့​သည် ယုံကြည်ခြင်း​တရား ပေါ်လာသည်​အထိ ပညတ်တရား​အောက်​၌ အကျဉ်းသားများ​အဖြစ် ချုပ်နှောင်​ခံခဲ့ကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ