၂ ကော 7:11 - မြန်မာ့စံမီသမ္မာကျမ်း
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။
အခန်းကိုကြည့်ပါ။
ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
အခန်းကိုကြည့်ပါ။
၎င်း ပြင် ဘု ရား သ ခင့် နည်း လမ်း တော် အ တိုင်း သင် တို့ ပူ ပန် ခြင်း အ ကျိုး မှာ မည် မျှ စိတ် အား ကြီး ခြင်း၊ မည် မျှ ထု ချေ ခြင်း၊ မည် မျှ စိတ် ညစ် ခြင်း၊ မည် မျှ ကြောက် ရွံ့ ခြင်း၊ မည် မျှ လွမ်း တ ခြင်း၊ မည် မျှ စေ တ နာ ထက် သန် ခြင်း၊ မည် မျှ ဒဏ် ပေး ခြင်း များ ပါ တ ကား။ ထို အ မှု နှင့် စပ်၍ သင် တို့ အ ပြစ် ကင်း ကြောင်း အ ရာ ရာ တွင် ထင် ရှား စေ ကြ ပြီ။
အခန်းကိုကြည့်ပါ။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။-
အခန်းကိုကြည့်ပါ။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။
အခန်းကိုကြည့်ပါ။