Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို ကာ လ သူ တို့ စိတ် နှ လုံး ခဲ ယဉ်း ခြင်း ကြောင့် ဝမ်း နည်း၍ အ မျက် တော် ထွက် လျက် သူ တို့ ကို လှည့် ကြည့် ပြီး လျှင် လက် ဆန့် လော ဟု သူ နာ အား မိန့် တော် မူ သော် ဆန့် လိုက် သ ဖြင့် သန် စွမ်း ပြန် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ယေရှု​သည် အမျက်တော်​ဖြင့် ထို​သူတို့​ပတ်လည်​သို့ ကြည့်ပြီး​မှ သူတို့​၏ ခေါင်းမာမှု​အတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်​သေသောသူ​အား “သင်​၏​လက်​ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထို​သူ​သည် လက်​ကို​ဆန့်​သောအခါ သူ​၏​လက်​သည် အကောင်းပကတိ​အတိုင်း ဖြစ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:5
29 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။


ထိုအခါ ရှင်ဘုရင်​က ဘုရားသခင်​၏​လူ​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ပါ​လော့​။ ငါ့​လက်​ကို ပြန်ရုပ်​နိုင်​ဖို့ ငါ့​အတွက် ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် ဘုရားသခင်​၏​လူ​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ရာ ရှင်ဘုရင်​၏​လက်​သည် နဂို​အတိုင်း​ပြန်​ကောင်း​သွား​၏​။


ထို့ကြောင့် ငါ​သည် အလွန်​စိတ်ဆိုး​၍ တောဘိ​၏​အိမ်သုံး​ပစ္စည်း​အားလုံး​ကို အခန်း​အပြင်​သို့​လွှင့်ပစ်​ပြီး


ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍ “​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။ ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။


ထို့နောက် လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အခြား​တစ်ဖက်​ကဲ့သို့ အကောင်း​ပကတိ​ဖြစ်​လျက် သန်စွမ်း​လေ​၏။


ထို့နောက် လူ​တို့​အား“တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် သတ်​အပ်​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။


သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။


ကိုယ်တော်​သည် သူ​တို့​ကို​မြင်​လျှင်“သင်​တို့​သည် ယဇ်ပုရောဟိတ်​များ​ထံသို့​သွား​၍ မိမိတို့ကိုယ်ကို ပြ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အတွင်း​မှာပင် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။


ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။


“ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။


ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။


ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


သို့ဖြစ်၍ ထို​မျိုးဆက်​ကို ငါ​အမျက်ထွက်​ပြီး ‘သူ​တို့​သည် စိတ်နှလုံး​ထဲ၌ အစဉ်​လမ်းလွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။


တစ်ဖန် အနှစ်​လေးဆယ်​အတွင်း မည်သူ​တို့​အပေါ် အမျက်ထွက်​တော်မူ​ခဲ့​သနည်း။ အပြစ်​ပြု​၍ တော​ကန္တာရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အပေါ်​မ​ဟုတ်​လော။


စုံလင်​ခြင်း​သို့​ရောက်​ပြီးလျှင် မိမိ​ကို​နာခံ​သော​သူ​အပေါင်း​တို့​အား ထာဝရ​ကယ်တင်​ခြင်း​ကို​ပေး​သော​အရှင်​ဖြစ်လာ​၍


တောင်​များ​နှင့်​ကျောက်ဆောင်​များ​အား “ငါ​တို့​အပေါ်သို့​ပြိုကျ​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​မျက်နှာ​တော်​နှင့် သိုးသငယ်​တော်​၏​အမျက်​တော်​မှ ငါ​တို့​ကို​ဖုံးကွယ်​ကြ​ပါ။


ထို့နောက် သူ​တို့​သည် တိုင်းတစ်ပါးသား​ဘုရား​များ​ကို သူ​တို့​ထံမှ ဖယ်ရှား​ပြီး ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ အစ္စရေး​လူမျိုး​တို့ ကြုံတွေ့​ရ​သော အခက်အခဲ​ပြဿနာ​များ​ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို သနား​တော်မူ​၏​။


ထို့ကြောင့် ယောနသန်​သည် အမျက်​ပြင်းစွာ​ထွက်​၍ စားပွဲ​မှ​ထ​လေ​၏​။ မိမိ​ခမည်းတော်​သည် ဒါဝိဒ်​ကို နှိမ်​သောကြောင့် စိတ်ထိခိုက်​သဖြင့် လဆန်းပွဲ​ဒုတိယ​နေ့​တွင် အစာ​ကို မ​စား​ဘဲ​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ