၁ သက် 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible6 မည် သူ မ ဆို ညီ အစ် ကို ချင်း ကို ထို အ မှု မျိုး၌ မ လွန် ကျူး မ ပြစ် မှား ဘဲ နေ ခြင်း များ တည်း။ ဤ အ ပြစ် မျိုး နှင့် စပ်၍ ငါ တို့ တင် ရင် နှိုး ဆော် သ တိ ပေး ခဲ့ ကြ သည့် အ တိုင်း၊ အ ရှင် ဘု ရား သည် ဒဏ် စီ ရင် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။