ရောမ 11:20 - မြန်မာ့စံမီသမ္မာကျမ်း20 မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။ အခန်းကိုကြည့်ပါ။Common Language Bible20 သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible20 မ ယုံ ကြည် ခြင်း ကြောင့် ချိုး ပစ် ခံ ရ သည် မှန်၏။ သင် လည်း ယုံ ကြည် ခြင်း ကြောင့် သာ တည် နေ ရ၏။ အခန်းကိုကြည့်ပါ။Judson Bible20 မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကို ချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်းစိတ် ရှိစေလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။ အခန်းကိုကြည့်ပါ။ |
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။