ဖိလိပ္ပိ 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible12-13 သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible12 သို့ ဖြစ်၍ ချစ် သူ တို့၊ အ ခါ ခပ် သိမ်း လိုက် နာ တတ် ကြ သည့် အ တိုင်း ပင် ငါ ပါ ရှိ သည် ဟု မှတ်၍ မ ဟုတ်။ ယ ခု ကွာ လျက် ရှိ သော် လည်း ကိုယ့် ကယ် တင် ရေး ကို ကြောက် ရွံ့ တုန် လှုပ် စွာ ကြိုး စား ပြု ပြင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။ အခန်းကိုကြည့်ပါ။ |
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။