၁ ပေ 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible17 ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။- အခန်းကိုကြည့်ပါ။Garrad Bible17-19 ၎င်း ပြင် လူ အ သီး သီး တို့ အ ကျင့် အ တိုင်း မျက် နှာ မ ငဲ့ ဘဲ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ အ ဘ ခ မည်း တော် အ နေ နှင့် သင် တို့ ပ ဌာ နာ ပြု ကြ လျှင် မိ ရိုး ဖ လာ ထုံး နည်း အ လိုက် အ ချည်း အ နှီး သော အ ကျင့် အ ကြံ များ မှ ပျက် စီး တတ် သော ရွှေ ငွေ မ ဟုတ် ကြန် အင် မ ယွင်း စုံ လင် သော သိုး သား ငယ် သ ဘွယ် ခ ရစ် တော်၏ အ သွေး တော် မြတ် ဖြင့် သင် တို့ ကို ရွေး နုတ် တော် မူ ကြောင်း ကို သိ သည့် အ လျောက် တည်း ခို ရာ ကာ လ အ တွင်း ခန့် ညား စွာ ကျင့် ကြံ ပြု မူ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible17 လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 လူတစ်ဦးစီ၏ အပြုအမူအပေါ် အခြေခံ၍ သမာသမတ်ကျစွာ တရားစီရင်တော်မူသော ဘုရားသခင်ထံ သင်တို့ဆုတောင်းသောအခါ အဖဟု ခေါ်သောကြောင့် ဤလောက၌ ဧည့်သည်အဖြစ် နေထိုင်ရသောနေ့ရက်များတွင် ထိုအရှင်ကို ကြောက်ရွံ့ရိုသေကြလော့။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။