တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
ဟေရှာယ 2:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။ Common Language Bible ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။- Garrad Bible မြေ ကြီး ကို လှုပ် ရှား ရန် ထ တော် မူ သော အ ခါ၊ ဘုန်း အာ နု ဘော် ကြီး၍ ကြောက် မက် ဖွယ် သော ထာ ဝ ရ ဘု ရား မျက် မှောက် တော် မှ၊ ကျောက် ဂူ၊ မြေ တွင်း များ သို့ လူ တို့ ခို ဝင် ကြ လိမ့် မည်။ Judson Bible ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။ |
တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။
ထာဝရဘုရား၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် ကျောက်ဆောင်ထဲသို့ဝင်၍ မြေကြီးထဲ၌ပုန်းနေကြလော့။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်ဆောင်အက်ကွဲကြောင်းများ၊ ကျောက်ဂူများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
ထာဝရဘုရားက သူတို့ကို အပြစ်ဒဏ်ပေးသည့် တုတ်တော်၏ရိုက်ချက်တိုင်းမှာ ပတ်သာနှင့် စောင်းသံတို့ ထွက်ပေါ်လိမ့်မည်။ ကိုယ်တော်သည် လက်ကိုဝှေ့ယမ်းလျက် သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော်မူမည်။
ထာဝရဘုရားက “ယခုပင် ငါထမည်။ ငါ့ကိုယ်ငါချီးမြှောက်မည်။ ငါသည် ချီးမြှောက်ခြင်းခံရမည်။
ထိုအကောင်အားလုံးသည် လူသူကင်းမဲ့သောချိုင့်ဝှမ်း၊ ကျောက်ကြား၊ ဆူးချုံ၊ စားကျက် ရှိသမျှတို့၌ စွဲနေကြလိမ့်မည်။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။
အို မောဘပြည်သားတို့၊ ချောက်ကမ်းပါး၌ အသိုက်ကိုလုပ်တတ်သော ချိုးငှက်ကဲ့သို့ မြို့တို့ကိုစွန့်၍ ကျောက်ဆောင်၌နေထိုင်ကြလော့။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။
သင်သည်လည်း ရန်သူကြောင့် ပုန်းခိုနေရ၍ မူးနောက်နေလိမ့်မည်။ ခိုလှုံရာကိုလည်း ရှာရလိမ့်မည်။
မကြာမီအချိန်တွင် ငါသည် ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် ကုန်းမြေတို့ကို လှုပ်ခါဦးမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
ထိုအခါ လူတို့သည် တောင်များအား ‘ငါတို့အပေါ်သို့ပြိုကျကြပါ’ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား ‘ငါတို့ကိုဖုံးအုပ်ကြပါ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြေကြီးကိုတုန်လှုပ်စေ၏။ ယခုမူကား ကိုယ်တော်က “ငါသည် နောက်တစ်ဖန် မြေကြီးကိုသာမကဘဲ ကောင်းကင်ကိုပါ တုန်လှုပ်စေမည်”ဟု ကတိထားတော်မူ၏။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ထိုအခါ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လာ၍ ငလျင်ပြင်းထန်စွာလှုပ်လေ၏။ မြေကြီးပေါ်တွင် လူဖြစ်ပေါ်လာချိန်မှစ၍ ထိုမျှလောက်ကြီးမား၍ပြင်းထန်သောငလျင်မျိုးသည် မဖြစ်ခဲ့ဖူးပေ။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
သူတို့နှစ်ဦးစလုံးသည် ဖိလိတ္တိကင်းတပ်ရှေ့တွင် လူရိပ်ပြလေ၏။ ဖိလိတ္တိလူမျိုးတို့ကလည်း “ကြည့်ပါ။ ဟေဗြဲလူမျိုးတို့သည် ပုန်းခိုရာတွင်းထဲမှ ထွက်လာကြပြီ”ဟု ဆိုပြီးလျှင်