Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 2:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ရုပ်တု​တို့​သည်​လည်း လုံးဝ​ပျောက်ကွယ်​သွား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ရုပ်​တု​ဆင်း​တု​တို့​သည်​လုံး​ဝ​ကွယ်​ပျောက်​၍ သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ရုပ် တု များ လုံး လုံး ပ ပျောက် ကြ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ရုပ်​တု​ဆင်း​တု​တို့​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 2:18
16 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​၌ မောက်မာ​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်းသာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


ယခု မြင်း​အတွဲလိုက်​စီးလာသူ​ကို တွေ့​ရ​ပါ​၏​”​ဟု ခြင်္သေ့​ကဲ့သို့ ဟစ်ကြော်​လေ​၏​။ ထို့နောက် “​ပြိုလဲ​ပြီ​။ ဘေဘီလုံ​မြို့ ပြိုလဲ​ပြီ​။ သူ​၏​ဘုရား​ရုပ်တုဆင်းတု​ရှိသမျှ​တို့​သည်​လည်း မြေကြီး​ပေါ်သို့ ကျိုးပဲ့ကျ​ကြ​ပြီ​”​ဟု ဆို​လေ​၏​။


ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။


ဗေလ​ဘုရား​သည် ညွတ်တွား​ရ​လေ​ပြီ​။ နေဗော​ဘုရား​သည် ခါးကိုင်း​ရ​လေ​ပြီ​။ ထို​ဘုရား​ရုပ်တု​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ သိုးနွား​တိရစ္ဆာန်​များ​အပေါ် တင်​ကြ​၏​။ သင်​တို့​ယူဆောင်​သော​ထို​အရာ​တို့​သည် တိရစ္ဆာန်​တို့​အတွက် လေးလံ​စွာ​ထမ်း​ရ​သော​ဝန်ထုပ်ဝန်ပိုး​များ​ဖြစ်​ကြ​၏​။


သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။


ထို​အရာ​တို့​သည် အချည်းနှီး​သော​အရာ​ဖြစ်​၏​။ လှည့်စား​တတ်​သော​အရာ​ဖြစ်​၏​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် ပျက်စီး​သွား​ရ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ရုပ်တု​တို့​ကို​လည်း ငါ​ဖျက်ဆီး​ပစ်​မည်​။ မင်ဖစ်​မြို့​ရှိ​ဘုရား​ဆင်းတု​တို့​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အီဂျစ်​ပြည်​တွင် ခေါင်းဆောင်​တစ်ယောက်​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်​အောင် ငါ​ပြု​မည်​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


သူ​တို့​သည် ရုပ်တု​များ​၊ စက်ဆုပ်ရွံရှာဖွယ်​အရာ​များ​နှင့် အပြစ်​အမျိုးမျိုး​ကျူးလွန်​ခြင်း​တို့​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​အပြစ်ပြု​လေ​ရာ​အရပ်ရပ်​တို့​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို​စင်ကြယ်​စေ​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။


သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​ရှိ​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ သင်​တို့​၏​ယဇ်ပလ္လင်​သည် ဖျက်ဆီး​ခံရ​သဖြင့် ပျက်စီး​သွား​မည်​။ ရုပ်တု​တို့​သည်​လည်း ချိုးဖျက်​ခံရ​သဖြင့် ပြိုပျက်​သွား​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​သည်​လည်း ခုတ်လှဲ​ခံရ​မည်​။ သင်​တို့​ပြုလုပ်​ထား​သော​အရာ​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်​။


ဧဖရိမ်​က ‘ငါ​သည် ရုပ်တု​တို့​နှင့် မည်သို့​ဆိုင်​သေး​သနည်း’​ဟု ဆို​လိမ့်မည်​။ ငါ​သည် သူ့​စကား​ကို​ကြား​၍ သူ့​ကို​ကြည့်ရှုစောင်မ​မည်​။ ငါ​သည် စိမ်းလန်း​သော​ထင်းရှူးပင်​ကဲ့သို့ ဖြစ်၍ သင်​တို့​သည် ငါ့​ထံမှ အသီး​ကို ရရှိ​လိမ့်မည်​။”


ထို​မြို့​ရှိ ရုပ်တု​အားလုံး​ကို အစိတ်စိတ်အမွှာမွှာ​ဖြစ်စေ​မည်​။ ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​အားလုံး​ကို မီးလောင်ကျွမ်း​စေ​မည်​။ ရုပ်တု​ရှိသမျှ​ကို​လည်း အပျက်အစီးပုံ​ဖြစ်စေ​မည်​။ သူ​စုဆောင်း​ထား​သော​ပြည့်တန်ဆာ​လုပ်အားခ​သည် ပြည့်တန်ဆာ​အခ ပြန်ဖြစ်​လိမ့်မည်​။”


သင်​၏​ရုပ်တုဆင်းတု​များ​၊ အထိမ်းအမှတ်​ကျောက်တိုင်​များ​ကို​လည်း သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​မည်​။ သင့်​လက်​ဖြင့် ထုလုပ်​သော​ဘုရား​များ​ကို သင်​ရှိခိုးကိုးကွယ်​ရ​တော့​မည်​မ​ဟုတ်​။


“လူ​အပါအဝင် တိရစ္ဆာန်​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ မိုးကောင်းကင်​ငှက်​နှင့် ပင်လယ်​ငါး​တို့​အပါအဝင် တိုက်မိ​၍​လဲ​စေ​မည့်​အရာ​များ​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ ဖျက်ဆီး​ပစ်​မည်​။ ကမ္ဘာမြေ​ပေါ်​ရှိ​လူ​တို့​ကို အမျိုးပြုတ်​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် ထို​ပြည်​မှ ရုပ်တု​တို့​၏​အမည်​များ​ကို ပြန်လည်​အမှတ်ရ​ခြင်း မ​ရှိ​လေ​အောင် ငါ ပယ်ဖျက်​ပစ်​မည်​။ ထိုနည်းတူ ထို​ပြည်​မှ ပရောဖက်​များ​နှင့် ဝိညာဉ်ဆိုး​များ​ကို​လည်း ဖယ်ရှား​ပစ်​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ