ယေရမိ 4:29 - မြန်မာ့စံမီသမ္မာကျမ်း29 မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။ အခန်းကိုကြည့်ပါ။Common Language Bible29 မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible29 မြင်း တပ်၊ လေး တပ် တို့ ချီ တက် သံ အ တွက်၊ မြို့ သူ မြို့ သား အ ပေါင်း တို့ ထွက် ပြေး လျက် ပိတ် ပေါင်း၊ ကျောက် တောင် များ အ တွင်း၊ တက် သွား ခို ဝင် ကြ လေ ပြီ။ ရှိ သ မျှ သော မြို့ ရွာ ဆိတ် ညံ ပြီး ဖြစ် သည့် အ လျောက်၊ နေ ထိုင် သူ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible29 မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှတို့ကို စွန့်ပစ်၍နေသောသူ တစ်ယောက်မျှမရှိရ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။