ဗျာဒိတ် 9:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုငါးလအတွင်းလူတို့သည်သေမင်းကိုရှာ ကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ သေရန် တောင့်တကြသော်လည်းသေမင်းသည်သူတို့ အားတိမ်းရှောင်၍သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 လူ တို့ သည် သေ ခြင်း ကို ရှာ သော် လည်း တွေ့ ကြ မည် မ ဟုတ်။ သေ လို ကြ သော် လည်း သေ မင်း ရှောင် ပြေး လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထိုကာလ၌ လူတို့သည် သေလမ်းကို ရှာသော်လည်း မတွေ့နိုင်ကြ။ သူတို့သည် သေလိုသော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးသွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။