Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 13:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​စစ်သည် အပြင်းအထန်​နှိမ်နင်း​ခံရ​၍ ဒုက္ခရောက်​နေ​သည်​ကို သိမြင်​လေ​၏​။ စစ်သည်​တို့​သည် လိုဏ်ဂူ​၊ ဆူးချုံတော​၊ ကျောက်ဆောင်​၊ မြေတွင်း​နှင့် လိုဏ်ခေါင်း​များ​ထဲ၌ ပုန်းအောင်း​နေ​ကြ​ရ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဣ သ ရေ လ လူ မျိုး တို့ သည် နှိပ် စက် ညှဉ်း ပန်း ခံ ရ၍ ဆင်း ရဲ သည် ကို သိ ကြ သော အ ခါ ဥမင်၊ ဆူး ချုံ၊ ကျောက် ဂူ၊ မြေ တိုက်၊ မြေ တွင်း များ ၌ ပုန်း အောင်း ၍ နေ ရ သည့် ပြင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 13:6
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။


ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။


ဣရှမေလ​သတ်​ခဲ့​သော ဂေဒလိ​နှင့်​လူ​တို့​၏​အလောင်း​များ​ကို ပစ်ချ​ခဲ့​ရာ​တွင်း​သည် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​ကို​ကြောက်​၍ အာသ​မင်းကြီး တူး​ထား​ခဲ့​သော​တွင်း​ဖြစ်​၏​။ ဤသို့ဖြင့် နေသနိ​၏​သား​ဣရှမေလ​သည် ထို​တွင်း​ကို လူသေအလောင်း​များ​ဖြင့် ပြည့်​စေ​၏​။


ထို့ကြောင့် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မြို့ပျက်​များ​၌​နေ​သော​သူ​တို့​သည် ဓား​ဖြင့် လဲကျ​သေဆုံး​ရ​လိမ့်မည်​။ မြို့ပြင်​၌​နေ​သော​သူ​တို့​သည် သားရဲတိရစ္ဆာန်​၏​ဝါးမျို​ခြင်း​ကို ခံရ​မည်​။ ရဲတိုက်​များ​၊ လိုဏ်ဂူ​များ​၌​ခိုလှုံ​သော​သူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​လိမ့်မည်​။


သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။


ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။


အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။


အမ္မုန်​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​၊ ဧဖရိမ်​အမျိုးအနွယ် တို့​ကို​လာရောက်​တိုက်ခိုက်​သဖြင့် အစ္စရေး​လူမျိုး​တို့ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။


အစ္စရေး​စစ်တပ်​လည်း ပြန်လှည့်​လာ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း အဖြစ်ဆိုး​နှင့်​ကြုံ​ရ​တော့​မည်​ကို သိ​၍​ထိတ်လန့်​နေ​ကြ​၏​။


မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ကြ​၏​။ မိဒျန်​လူမျိုး​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောင်​များ​တွင်​ရှိ​သော တွင်း​များ​၊ လိုဏ်ဂူ​များ​တွင် ခိုလှုံစရာ​နေရာ​များ ပြုလုပ်​ကြ​ရ​၏​။


ထို့နောက် ရှမွေလ​သည် ထ​၍ ဂိလဂါလ​မြို့​မှ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​သို့ တက်သွား​၏​။ ရှောလု​မင်းကြီး​သည် မိမိ​၌​ရှိ​သော​လူ​တို့​ကို​ရေတွက်​ကြည့်​ရာ လူ​အယောက်​ခြောက်​ရာ​ခန့်​ရှိ​၏​။


သူ​တို့​နှစ်ဦးစလုံး​သည် ဖိလိတ္တိ​ကင်းတပ်​ရှေ့​တွင် လူရိပ်ပြ​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​ကြည့်​ပါ​။ ဟေဗြဲ​လူမျိုး​တို့​သည် ပုန်းခို​ရာ​တွင်း​ထဲမှ ထွက်လာ​ကြ​ပြီ​”​ဟု ဆို​ပြီးလျှင်


ဧဖရိမ်​တောင်ပေါ်ဒေသ​၌ ပုန်းအောင်း​နေ​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည်​လည်း ဖိလိတ္တိ​လူမျိုး​တို့ ထွက်ပြေး​နေ​ရ​ကြောင်း​ကို ကြားသိ​လျှင် တိုက်ပွဲ​တွင်​ပါဝင်​လာ​ကြ​ပြီး သူ​တို့​အား လိုက်လံတိုက်ခိုက်​လေ​၏​။


ဇိဖ​မြို့သား​တို့​သည် ရှောလု​မင်းကြီး​ရှိ​ရာ​ဂိဗာ​မြို့​သို့ လာ​၍ “​အကျွန်ုပ်​တို့​၏​နယ်မြေ​၊ ယေရှိမုန်​တောင်ဘက်​၊ ဟခိလ​တောင်ကုန်း​၊ ဟောရေရှ​အရပ်​ရှိ ဥမင်လိုဏ်ခေါင်း​တို့​တွင် ဒါဝိဒ် ပုန်းရှောင်​နေ​သည်​မ​ဟုတ်​ပါ​လော​။


လမ်း​ဘေး​ရှိ သိုး​ခြံ​များ​ရှိ​ရာ​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​သည် အပေါ့အပါး​သွား​လို​သောကြောင့် ထို​နေရာ​ရှိ လိုဏ်ဂူ​တစ်​ခု​သို့ ဝင်သွား​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ထို​လိုဏ်ဂူ​အတွင်းပိုင်း​ထဲတွင် ရှိ​နေ​ကြ​၏​။


အစ္စရေး​အမျိုးသား​များ ထွက်ပြေး​ကြ​ရ​ကြောင်း​၊ ရှောလု​မင်းကြီး​နှင့်​သား​တော်​များ​လည်း ကျဆုံး​ပြီ​ဖြစ်ကြောင်း​ကို ချိုင့်ဝှမ်းလွင်ပြင်​တစ်ဖက်ခြမ်း​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​တို့​၌​နေ​သော အစ္စရေး​အမျိုးသား​တို့ သိမြင်​လျှင် သူ​တို့​သည်​လည်း မြို့ရွာ​များ​ကို စွန့်​၍​ထွက်ပြေး​ကြ​၏​။ ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​မြို့ရွာ​တို့​တွင် ဝင်ရောက်​နေထိုင်​ကြ​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ