ဇေဖနိ 3:5 - မြန်မာ့စံမီသမ္မာကျမ်း
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
အခန်းကိုကြည့်ပါ။
သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
အခန်းကိုကြည့်ပါ။
ထို မြို့ တွင် စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား မှာ မူ၊ တစ် သ မတ် တည်း ဖြောင့် မတ် လျက်၊ နံ နက် တိုင်း အ စဉ် ဆုံး ဖြတ် တော် မူ ချက် များ ကို၊ အ ထင် အ ရှား ထုတ် ဖော် တော် မူ၏။ သို့ ရာ တွင်၊ မ တ ရား သူ တို့ သည်၊ ရှက် ကြောက် ခြင်း ကင်း လျက် နေ ကြ သည် တ ကား။
အခန်းကိုကြည့်ပါ။
သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ်၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်းကို မချွတ်မယွင်း ဖော်ပြတော်မူ၏။ သို့သော်လည်း၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။
အခန်းကိုကြည့်ပါ။