ဟောရှေ 6:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ထို့ကြောင့်ငါသည်ပရောဖက်များကိုစေ လွှတ်၍ သင်တို့ကိုတရားစီရင်မည့်အကြောင်း နှင့်ပျက်စီးဆုံးပါးစေမည့်အကြောင်းကြား ပြောစေခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible5 သို့ ဖြစ် သော ကြောင့်၊ ငါ သည် ထို သူ တို့ ကို ပ ရော ဖက် တို့ ဆင့် ဆို ချက် ဖြင့် ဒဏ် ခတ် ခြင်း၊ နှုတ် တော် ထွက် ဗျာ ဒိတ် ဖြင့် ကွပ် မျက် ခြင်း ပြု လျက်၊ လျှပ် စစ် သ ဖွယ် စီ ရင် ချက် များ ကို လွှတ် ခဲ့ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။