ဟောရှေ 14:9 - မြန်မာ့စံမီသမ္မာကျမ်း9 မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ဤ အ ချက် များ ကို သိ မြင် နား လည် နိုင် ရန်။ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ရှိ သူ ကား။ မည် သူ နည်း။ ထာ ဝ ရ ဘု ရား၏ ညီ ညွတ် သော လမ်း တော်၌။ ဖြောင့် မတ် သူ တို့ လိုက် ရှောက် နိုင် ကြ သော် လည်း။ မ သူ တော် တို့ မှာ တိုက် လဲ ကြ ရ လ တံ့။ အခန်းကိုကြည့်ပါ။Judson Bible9 အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။ ပရောဖက်ဟောရှေစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။