Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 28:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဖြတ်သွား​သည့်​အခါတိုင်း သင်​တို့​ကို​ယူဆောင်​သွား​မည်​။ နံနက်တိုင်း​၊ နေ့တိုင်း​၊ ညတိုင်း​ဖြတ်သွား​မည်​။ သတင်း​ကြား​ရုံ​ဖြင့် ထိတ်လန့်​ခြင်း​ကို ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 နေ့ တိုင်း၊ နေ့ ညဉ့် မ ရပ်၊ သင့် လာ ၍၊ လာ ရာ ၌ သင် တို့ မျော ပါ လိမ့် မည်။ ထို အ ခါ ဗျာ ဒိတ် ကို နား လည် ကြ က၊ ထိတ် လန့် ဖွယ် သာ ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ချင်း​နင်း​စဉ်​တွင် ပါ​သွား​လိမ့်​မည်။ နံ​နက်​အ​ချိန်​ရောက်​မြဲ အ​စဉ်​အ​တိုင်း၊ နေ့​ည​မ​ပြတ် ချင်း​နင်း​သည်​ဖြစ်၍၊ သ​တင်း​ကြား​ကာ​မျှ​အား​ဖြင့် ထိတ်​လန့်​ခြင်း​အ​ကြောင်း ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 28:19
26 ပူးပေါင်းရင်းမြစ်များ  

ဟောရှေ​မင်းကြီး​နန်းစံ​ကိုး​နှစ်​အကြာ​တွင် အဆီးရီးယား​ဘုရင်​သည် ရှမာရိ​မြို့​ကို​သိမ်းပိုက်​ပြီး အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့​ဖမ်းခေါ်​သွား​ကာ ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ​ဟာဗော်​မြစ်​နား​နှင့်​မေဒိ​မြို့ တို့​၌​နေထိုင်​စေ​၏​။


ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ကြား​ရ​သူ​တို့ နားခါး​ရ​လောက်အောင် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။


ယောယကိမ်​မင်းကြီး​ကို​တိုက်ခိုက်​ဖို့ ထာဝရဘုရား​သည် ခါလဒဲ​တပ်​များ​၊ ဆီးရီးယား​တပ်​များ​၊ မောဘ​တပ်​များ​နှင့် အမ္မုန်​တပ်​များ​ကို စေလွှတ်​တော်မူ​၏​။ မိမိ​အစေအပါး ပရောဖက်​တို့​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​စကား​တော်​အတိုင်း ယုဒ​ပြည်​ကို​ဖျက်ဆီး​ဖို့ ထို​တပ်​များ​ကို​စေလွှတ်​တော်မူ​၏​။


ထိတ်လန့်ဖွယ်​ရာ​တို့​သည် သူ့​ကို​ပတ်လည်ဝိုင်း​၍ ခြောက်လှန့်​ပြီး သူ​သွား​လေရာရာ​သို့ ထက်ကြပ်မကွာ​လိုက်​လိမ့်မည်​။


နံနက်အချိန်​သည် သူ​တို့​အဖို့ သေမင်း​အရိပ်​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​သည် ထိတ်လန့်ဖွယ်​သော​သေမင်းအရိပ်​နှင့် အကျွမ်းဝင်​ကြ​၏​။


သူ့​ကို​အနိုင်ရ​ဖို့​မျှော်လင့်​သော​သူ​သည် အမှားကြီးမှား​လိမ့်မည်​။ သူ့​ကို​မြင်​လိုက်​ရုံ​နှင့် မေ့မျောလဲကျ​သွား​မည်​မ​ဟုတ်​လော​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်​လျက်​နေ​ပါ​၏​။ သေ​ခြင်း​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​အပေါ်​ကျရောက်​လာ​ပါ​၏​။


အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ အဖိနှိပ်​ခံရ​လျက် သေလုနီးပါး​ဖြစ်​ရ​ပါ​၏​။ ကိုယ်တော်​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​နှင့်​ကြုံ​ရ​၍ စိတ်ပျက်​အားငယ်​ရ​ပါ​၏​။


သူရဲကောင်း​တို့​သည် လမ်း​ပေါ်၌ အော်ဟစ်​ကြ​၏​။ ငြိမ်းချမ်းရေး​စေတမန်​တို့​သည် ခါးသီး​စွာ​ငိုကြွေး​ကြ​၏​။


ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့ ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။


သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွား​ချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။


မောပန်း​သော​သူ​အမောပြေ​စေရန် မည်သို့​ပြောဆို​ရ​မည်​ကို သိရှိ​ဖို့ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​အား နှုတ်မှုပညာ​ကို​သွန်သင်​ပေး​တော်မူ​၏​။ နံနက်တိုင်း ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ စာသင်သား​ကဲ့သို့ နားထောင်​ဖို့ ငါ့​ကို​နှိုးဆော်​တော်မူ​၏​။


‘အို ယုဒ​ဘုရင်​နှင့် ဂျေရုဆလင်​မြို့သား​တို့​၊ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် ဤ​အရပ်​၌​ဘေးအန္တရာယ် ကျရောက်​စေ​မည်​။ ကြား​ရ​သူ​တိုင်း နားခါး​လိမ့်မည်​။


ယုဒ​ပြည်​၌ ဟောပြော​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ ပြည်​တစ်လျှောက်လုံး တံပိုး​မှုတ်​ကြ​လော့​။ ‘စုဝေး​ကြ​စို့​။ ခံတပ်​မြို့​များ​အတွင်း​သို့​ဝင်​ကြ​စို့’​ဟု ကြွေးကြော်​ကြ​လော့​။


ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ရှင်ဘုရင်​နှင့်​အကြီးအကဲ​တို့​သည် စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တုန်လှုပ်ချောက်ချား​၍ ပရောဖက်​တို့​သည် အံ့အားသင့်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​သတင်း​ကို​ကြား​သောအခါ ငါ​တို့​၏​လက်​များ ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် ငါ​တို့​ကို ဖိစီး​ပြီ​။ ငါ​တို့​သည် သားဖွား​မိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။


ပွဲတော်​နေ့​၌ လူ​တို့​ကို​ဖိတ်ခေါ်​သကဲ့သို့ ကြောက်လန့်ဖွယ်​ရာ​တို့​ကို အဘက်ဘက်​မှ ကိုယ်တော်​ဖိတ်ခေါ်​တော်မူ​ပြီ​။ ထာဝရဘုရား​အမျက်ထွက်​တော်မူ​သော​နေ့​၌ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကျွန်ုပ်​ချီပိုက်​၍​ကျွေးမွေးစောင့်ရှောက်​သော​သူ​တို့​ကို ရန်သူ​တို့ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။


ဤသည်ကား အဖြစ်အပျက်​အလုံးစုံ​တည်း​။ ငါ​ဒံယေလ​သည် အတွေး​များ​ကြောင့် စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို ငါ့​စိတ်​ထဲတွင် သိမ်းဆည်း​ထား​လေ​၏”​ဟု ဆို​၏​။


ငါ​ဒံယေလ​သည် ရက်​အနည်းငယ်​မျှ နာမကျန်း​ဖြစ်​ခဲ့​ရ​၏​။ နေကောင်း​ပြန်​လျှင် ရှင်ဘုရင်​၏​အမှု​တော်​ကို ဆက်လက်​ထမ်းရွက်​၏​။ သို့သော် ဤ​ဗျာဒိတ်အာရုံ​ကြောင့် ငါ​သည် တုန်လှုပ်ချောက်ချား​ပြီး နား​မ​လည်​နိုင်​ဘဲ​ရှိ​နေ​၏​။


အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။


ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ကြား​ရ​သူ​တိုင်း နားခါး​စေ​မည့်​အဖြစ်​ကို အစ္စရေး​လူမျိုး​တွင် ငါ​ပြု​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ